Friday, August 12, 2016

ကမ္ဘာ့လူလိမ်ဆရာကြီးရွေးပွဲမှာ ပထမဆုကို ပြောင်မြောက်စွာရရှိခဲ့သူအမျိုးသား

http://i1183.photobucket.com/albums/x474/konay1/general/index_0.png
အင်္ဂလန်နိုင်ငံ၊ West Cumbria ကောင်တီ၊ Bridge Inn မှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့လူလိမ်ဆရာကြီးရွေးပွဲမှာ အသက် ၅၉ နှစ်အရွယ် Mike Naylor က ချန်ပီယံဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေဟာ ဒိုင်လူကြီးနဲ့ ပွဲကြည့်ပရိတ်သတ်တွေကို ကြိုတင်ဇာတ်ညွှန်း မရေးထားရဘဲ အရှည်ဆုံးနဲ့ အရယ်ရဆုံးဇာတ်လမ်းတစ်ပုဒ်ကို လက်တန်းပြောပြရတာဖြစ်ပါတယ်။
နွားချေးဖြန့် ချိရေးကုမ္ပဏီ (သူ့ အဆိုအရ) မှာလုပ်ကိုင်သူလို့ ဆိုတဲ့ Mike ဟာ သူရဲ့ တော်ဝင်မင်းမျိုးမင်းနွယ်ကို ရှာတွေ့ ခဲ့ပုံနဲ့ ဘတ်ကင်ဟမ်နန်းတော်ကို အလည်သွားခဲ့ပုံကို အရယ်ရဆုံးဖြစ်အောင် ဇာတ်လမ်းဆင်ပြောကာ ပထမဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
Mike ဟာ မုတ်ဆိတ်မွေးရိတ်နေတုန်း ဓားထိသွားရာကနေ သူ့ မှာ တော်ဝင်သွေးပါလာကြောင်း ဆရာဝန် တွေက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ Mike ရဲ့ ၄ ကြိမ်မြောက်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်လမ်း အစပျိုးပုံဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းကလည်း ဟာသသရုပ်ဆောင်အနုပညာရှင် Sue Perkins ဟာ အိုဇုန်းလွှာ ဘယ်လိုပျက်စီးခဲ့ရလဲ ဆိုတာကို မျက်နှာသေကြီးနဲ့ ဟာသလုပ်ပြောခဲ့ပြီး ဒီပြိုင်ပွဲရဲ့ ပထမဦးဆုံး အမျိုးသမီးချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ယခုနှစ်ရဲ့ ဒုတိယဆုကိုတော့ ကြောက်မက်ဖွယ်ဧရာမသတ္တ၀ါကြီးတစ်ကောင်က သူ့ ကို ပင်လယ်အောက် ဆွဲချသွားပြီး၊ ပင်လယ်အောက်မှာ ရေသူမနှစ်ယောက် နမ်းနေတာကို တွေ့ ခဲ့ရကြောင်း ပြောပြခဲ့တဲ့ Keith Porter ဆိုသူက ရရှိခဲ့ပါတယ်။ တတိယဆုကိုတော့ Joe Benson ဆိုသူက ရိုမန်တံတိုင်းကြီးကို သူ ဘယ်လိုဆောက်လုပ်ခဲ့ကြောင်းနဲ့ နာဇီရေငုပ်သဘောင်္တစ်စီးကို ခဲလုံး ရေပေါ်လျှပ်ပစ်ကာ သူ နှစ်မြှပ်ပစ်ခဲ့ပုံကို ပြောပြပြီး ရရှိသွားခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ Will Ritson ဆိုတဲ့ ဒေသခံအရက်ဆိုင်ပိုင်ရှင်တစ်ဦးကို အမှတ်တရဂုဏ်ပြုကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပြီး Will ဟာ သူ့ ဆိုင်လာတဲ့ဧည့်သည်တွေကို မဟုတ်ကဟုတ်က ဇာတ်လမ်းတွေ ဆင်ပြောပြပြီး ဖျော်ဖြေတတ်တာ ကြောင့် နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ ယခု ကမ္ဘာ့လူလိမ်ဆရာကြီးများ ပြိုင်ပွဲမှာ နိုင်ငံရေးသမားတွေနဲ့ ရှေ့ နေတွေ ၀င်ပြိုင်ခွင့်မရှိဘဲ၊ သူတို့ တွေဟာ မုသားဆိုတဲ့နေရာမှာ သူမတူအောင် ထူးချွန်လွန်းတာကြောင့် မမျှတမှာစိုးလို့ ဝင်ပြိုင်ခွင့်မရှိတာလို့ သိရပါတယ်။
Ref: Metro
Credit: Trend Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...