
ယူနန်ပြည်နယ်ရဲ့ မြို့တော် Kunming မြို့ရှိ တရုတ်နိုင်ငံရဲ့ လူဖြင့် ဖန်တီးပြုလုပ်ထားတဲ့ အကြီးမားဆုံး ရေတံခွန်ဟာ နှစ်သစ်ကူး စစချင်း အချိန်မှာ အလည်အပတ်ရောက်ရှိလာသူတွေကို အခမဲ့ ကြိုက်သလို ဝင်ထွက်ခွင့်ပြုခဲ့ပါတယ်။
Niulan မြစ်မှသည် Dianchi Lake သို့ ရေလမ်းလွှဲ စီမံကိန်းအနေနဲ့ မီတာ ၄၀၀ ကျယ်ပြန့်သော သဘာဝမဟုတ်တဲ့ အဆိုပါ လူလုပ် တည်ဆောက်မှုစီမံကိန်းကြီးဟာ ယွမ်ငွေ ၁.၁ ဘီလျံ (အကြမ်းဖျင်းအနေနဲ့ ၁၇၀ မီလျံဒေါ်လာ) ကုန်ကျခံကာ ၂ နှစ်အချိန်ယူ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Yunan Information Newspaper ရဲ့ သတင်းဖော်ပြချက်အရ Kunming ကို ဗဟိုပြုထားတဲ့ ရေထွက်ပေါက်တစ်ခုဖြစ်တဲ့ ဒီရေတံခွန်ဟာ အရေးပေါ် ရေဖြန့်ဝေမှုစနစ်တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပြီး ၃၀၀,၀၀၀ ကုဗမီတာ ရေဖြန့်ဝေထောက်ပံ့မှုပေးနိုင်ကြောင်း သိရပါတယ်။
Credit: Trend Myanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။