Friday, August 12, 2016
ဘ၀ဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများ ( ၄ )
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှပြကွက်ဆန်းများ နဲ့ပတ်သက်
ပြီးတော့ အမျိုးသမီးတွေနှင့်သက်ဆိုင်တဲ့အကြောင်းအရာများ
ကိုတင်ပေးပါမယ် ။
http://i1183.photobucket.com/albums/x474/konay1/general/IMG_20160811_134406.jpg
၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ တတိယမြောက်
ကွန်ရက်ဘုရင်ကြီး ဟာ  ဂျာမနီနိုင်ငံ ဝိုင်းစဘတ်မြို့  ကိုသိမ်းပိုက်
နိုင်ခဲ့ပါတယ် ။ သိမ်းပြီးတဲ့အခါ ဘုရင်ကြီးက '' မြို့  တွင်းရှိ အမျိုး
သည်။ ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်
အရာကိုမဆို သယ်ဆောင်သွားနိုင်သည်…'' လို့ အမိန့် ချခဲ့ပါ
တယ်။ ထိုအခါအမျိုးသမီးများက သူတို့ တနိုင် သယ်ရမယ့်အရာ
တွေကို မနိုင်မနင်း ဖြင့် မရရအောင် ထမ်းပိုးသယ်ဆောင်သွား
ကြပါတယ်။ သူတို့ သယ်သွားတာက ရွှေတွေ ငွေတွေ အဝတ်
အထည်တွေ မဟုတ်ပဲ သူတို့ ၏ယောကျာ်းများကို မနိုင်မနင်း
ချီပိုးသယ်ဆောင်သွားကြတာပါခင်ဗျာ ။
 သူတို့ အတွက် ခင်ပွန်းသည် ယောကျာ်းများက ရွှေ ငွေ ထက်
တန်ဖိုးကြီးတာပေါ့ ……ကျွန်တော်တစ်ခုစဉ်းစားမိတာက
တွေကတော့ ကံဆိုးမှာပဲနော်။ ကိုယ့်ကို
သယ်မယ့်သူမရှိရင် ကျန်နေခဲ့မှာ…… :) :) :')
ဒီနေရာမှာ တတိယမြောက် ကွန်ရက်ဘုရင်ကြီးကိုလည်း ချီးကျူးသင့်ပါတယ်။
အဲဒီခေတ်တွေမှာ စစ်ပွဲနိုင်တဲ့သူက ရွှေတွေ ငွေတွေ စသည်ဖြင့် တန်ဖိုးရှိတာ
တွေကို အကုန်ယူယုံမက အမျိုးသမီးများကိုပါ သိမ်းပိုက်ကြတာများပါတယ်။
ဒီဘုရင်ကြီးကတော့ အမျိုးသမီးများကို အသာတကြည် ထွက်ခွာသွားခွင့်
ပေးယုံမက မိမိတို့ယူနိုင်သလောက် တနိုင်ယူခွင့် ပေးခဲ့တာလည်း ထူးခြားမှု
တစ်ခုဖြစ်ပြီး ချီးကျူးသင့်တာပါပဲ။
ဆက်လက်ပြီးတင်ပြချင်တာ က အစ်စ်ဘဲလားဆိုတဲ့ အမျိုးသမီး
ဘဝပါ ။ ၁၂၀၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့ မှာ အင်ဂိုလိန်း
လက်ထပ်ပွဲမှာ အင်္ဂလန်ပြည့်ရှင် ဘုရင်ကြီးဂျွန် ကိုလည်း ဖိတ်
ကြားပါတယ်။ အဲဒီလို ဖိတ်ကြားခဲ့လို့ လည်း အစ်စ်ဘဲလား ကို
ဘုရင်ကြီးကိုယ်တိုင် သိမ်းပိုက်လက်ထပ်ယူလိုက်ပါတယ် ။
နောက် ၁၆ နှစ်အကြာ ဘုရင်ကြီးနတ်ရွာစံ တော့မှ အစ်စ်ဘဲလား
ဟာ ဟုဂ်နဲ့ ပြန်ပြီးလက်ထပ်နိုင်ခဲ့ပါတယ် ။
ကံကောင်းတာလား ပြောရခက်ပေမယ့် နောက်ဆုံးအရင်လူနဲ့
ပြန်လည်ဆုံစည်း ခွင့်ရတာကိုတော့ ဝမ်းသာမိပါတယ် ။
သူငယ်ချင်းတို့ လည်း ချစ်သောသူနှင့် အမြန်ဆုံးပေါင်းဖက်
နိုင်ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...