Saturday, August 27, 2016
အိမ်မက်ကမ္ဘာမှ လှပသော ဥမင်လမ်းလေးများ
ကြည်နူးဖွယ်ကောင်းပြီး စိတ်ကူးယဉ်အိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ 
သွားနိုင်တဲ့လမ်းလေးတွေပါ...အပြင်မှာတကယ်တည်ရှိနေတဲ့လမ်းလေးတွေပါ။
1. The Tunnel of Love, Klevan, Ukraine
http://i1183.photobucket.com/albums/x474/konay1/generral%202/1Tunnel-of-love-Klevan-Ukraine.jpg
လှပသောကြောာင့် အလွန်လူသိများသော လမ်းကလေးဖြစ်ပါသည်။
တစ်ချို့က အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ပြောရလောက်အောင်
စိတ်ကူးယဉ်ဆန်တဲ့ လမ်းကလေးပါ။ ဒီလမ်းကလေးကတော့ ယူကရိန်း နိုင်ငံ၊
Klevan မြို့မှာ တကယ်ရှိပါသည်။ Klevan မြို့ကလေးသည် လူဦးရေ
၈၀၀၀ ခန့်သာရှိသော ယူကရိန်းနိုင်ငံ အနောက်ဘက်စွန်းတွင်ရှိသော
မြို့သေးသေးလေးပါ။ဒီလိုသစ်ပင်လှိုဏ်ခေါင်းလေးလို ဖြစ်နေသော
လမ်းမှာ ရထားလမ်း တစ်လမ်းသာဖြစ်ပြီး ဒေသခံ လူများကတော့
အချစ်ဥမင်လမ်းကလေး လို့အမည်ပေးထားကြပါသည်။မိမိချစ်သူ နှင့်
ချစ်သက်သေတည် လက်တွဲလျောက်လို့ကောင့်မယ့် လမ်းကလေးပေါ့။
ရထားတော့ ကြည့်ရှောင်ရမှာပေါ့နော်။
2. Wisteria Flower Tunnel, Kawachi Fuji Garden, Kitakyushu, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/2.fret54y6.jpg
ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၆ နာရီလောက်သွားလျှင်ရောက်သည့် Kawachi Fuji Garden တွင်း၌
ရှိသော လှပသော သစ်ပင်ဥမင်လမ်းကလေးပါ။ ဧပြီလ နှင့် မေလများတွင် ပန်းများ
အစုံအလင်ပွင့်ချိန်ဖြစ်သဖြင့် သွားရောက်လည်ပတ်သင့်သော နေရာလေးတစ်ခုပါ။
3. Gingko Tree Tunnel, Meiji Jingu Gaien, Tokyo, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/3ginkgo3.jpg
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိသော လှပသော လမ်းကလေးပါ။ဒီလမ်းကလေးဟာ
မည်သည့်ရာသီမှာ မဆိုလှပပြီး စိတ်ကြည်နူးမှုကို ပေးနေပါသည်။ အထူးသဖြင့်
ဆောင်းဦးရာသီမှာဆိုလျှင် လမ်းတစ်လျောက် အ၀ါရောင်တောက်ပနေပြီး
လာရောက်သူများကို စိတ်ပျော်ရွှင်ချမ်းမြေ့စေမှာ အမှန်ပါ။
4. Jacarandas Walk, Pretoria, South Africa
http://i1183.photobucket.com/albums/x474/konay1/generral%202/4FB_IMG_1471968095369.jpg
တောင်အာဖရိက နိုင်ငံမှာရှိသော ခရမ်းရောင် အပွင့်ပွင့်သော သစ်ပင်ဥမင်
လမ်းပါ။နိုဝင်ဘာလ စောစောပိုင်းမှ စပြီး ခရမ်းရောင်တောက်တောက် အပွင့်
များပွင့်ကြပါသည်။
5. Cypress Tunnel, Point Reyes, California
http://i1183.photobucket.com/albums/x474/konay1/generral%202/cypress1_thumb.jpg
အမေရိကန်နိုင်ငံ ကာလီဖိုလီးယားပြည်နယ်တွင်ရှိသော လမ်းတစ်ဖက်တချက်ရှိ
သဘာဝ သစ်ပင်ကြီးများကလည်း စိတ်ကူးယဉ်စရာ ကောင်းလောက်အောင်
ဥမင်ပုံစံဖြစ်ပေးနေပြီး လှပနေပါသည်။
6. Sakura Tunnel, Ogawara, Miyagi, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/sakura2_thumb.jpg
ဂျပန်နိုင်ငံမှာ တည်ရှိသော ချယ်ရီပန်းပင်လမ်းကလေးပါ။
ဂျပန်လူမျိုးများအတွက် ချယ်ရီပန်းပင်နှင့် ပက်သတ်သော ထုံးတမ်းဓလေ့များ
ရှိကြပြီး ချယ်ရီပန်းပွင့်ကလေးများသည် ဂျပန်လူမျိုးများအတွက် ရိုးရာအထိမ်းအမှတ်
အမှတ်အသားတစ်ခုဖြစ်ပါသည်။
7. Oak Alley Plantation, Vacherie, Louisiana
http://i1183.photobucket.com/albums/x474/konay1/generral%202/oakalley1.jpg
အမေရိကန်နိုင်ငံ ၊ Louisiana ရှိ ၀က်သစ်ချပင်များဖြစ်ပါသည်။ ဒီသစ်ပင်များသည်
၁၈ ရာစု အစောပိုင်းကတည်းက စိုက်ပျိုးထားခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဒီလမ်းကလေးသည် ရုပ်ရှင် ဇာတ်လမ်းများတွင်လည်း မကြာခဏ ပါတတ်သည်။
Interview with a Vampire, Primary Colors, Django Unchained ,True Detective
စသည့် ဇာတ်ကားများတွင် ပါဝင်ပါသည်။
8. Cherry Blossom Tunnel, Bonn, Germany
http://i1183.photobucket.com/albums/x474/konay1/generral%202/8bonn1_thumb.jpg
ဂျာမနီနိုင်ငံ ၊ ဘွန်းမြို့ရှိ လှပသည့် ချယ်ရီပန်းများနှင့် လမ်းကလေး
ဖြစ်ပါသည်။
9. The Dark Hedges, Bregagh Road, County Antrim, Northern Ireland
http://i1183.photobucket.com/albums/x474/konay1/generral%202/9o-DARK-HEDGES-IRELAND-570.jpg
မြောက်အိုင်ယာလန်နိုင်ငံ မှ Dark Hedges ဟု အမည်ရသည့် လမ်းကလေး ဖြစ်ပါသည်။
ဒီသစ်ပင်များ၏ သက်တမ်းသည်လည်း ကြာရှည်ခဲ့ပြီး ၁၈ ရာစုလောက်ကပင်
စတင်စိုက်ပျိုးထားခဲ့သည်ဟု ဆိုကြပါသည်။
10. Rua Goncalo de Carvalho, Porto Alegre, Brazil
http://i1183.photobucket.com/albums/x474/konay1/generral%202/10PhotoGrid_1472224570867.jpg
မြို့၏အလယ်မှာ သစ်တောအုပ်လမ်းကလေးကဲ့သို့ ဖြစ်နေသော ဘရာဇီး
နိုင်ငံမှာ တည်ရှိသော လမ်းပါ။ တစ်ချို့ကတော့ ကမ္ဘာ့အလှပဆုံး လမ်း
အဖြစ် သက်မှတ်ကြပါသည်။ နေပူရှိုန်ပြင်း နေချိန်မျိုးတွင် ထိုလမ်းကို
ဝင်ရောက်လိုက်သည်နှင့် အေးချမ်းမှု နှင့် စိတ်ကြည်လင်ချမ်းမြေ့မှုကို
ရရှိစေမှာ အမှန်ပါ။
11. Sagano Bamboo Forest, Arashiyama, Kyoto, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/11bamboo2_thumb.jpg
ဂျပန်နိုင်ငံ ၊ ကျိုတိုမြို့မှာ ရှိသော လှပသော ၀ါးတောလမ်းကလေး ဖြစ်ပါသည်။
12. Yew Tree Tunnel, Aberglasney, Carmarthenshire, Wales
http://i1183.photobucket.com/albums/x474/konay1/generral%202/12yew1_thumb.jpg
ဝေးလ် မှာရှိသော ထင်ရှူးပင် ဥမင်လမ်းပါ။ ၁၈ ရာစု ကတည်းက
စတင်စိုက်ပျိုး ပေါက်ရောက်နေခဲ့ပြီး အဆင့်ဆင့် ရှင်သန်ကြီးထွား
နေသော သစ်ပင်များ ဖြစ်ပါသည်။
13. Tunnel of Maple Trees, Lake Kawaguchiko, Japan
http://i1183.photobucket.com/albums/x474/konay1/generral%202/maple5_thumb.jpg
ဂျပန်နိုင်ငံ Fujikawaguchiko မြို့တွင် ရှိသော လှပပြီး စိတ်ကူးယဉ်စရာကောင်းသော
Maple သစ်ပင် ဥမင်လမ်းလေးပါ။
14. Laburnum Tunnel, Bodnant Garden, Tal-y-Cafn, Conwy, Wales
http://i1183.photobucket.com/albums/x474/konay1/generral%202/14bodant_thumb.jpg
ဝေးလ် တွင်ရှိသော သမိုင်းဝင် Bodnant ဥယျာဉ်ကြီးအတွင်း၌ ရှိသော
laburnum သစ်ပင်များ၏ ဥမင်ပုံစံ လမ်းကလေးများပါ။ ထိုအပင် သည်အ၀ါရောင်
အပွင့်များ ဝေဆာနေအောင် ပွင့်ဖူးတတ်ပြီး ထိုပန်းပွင့်ချိန်မျိုး၌
ဥယျာဉ်တစ်ခုလုံး ဝေဆာ လှပနေသည်မှာ ရှုမညီးနိုင်စရာပါ။။
15. Autumn Tree Tunnel, Smuggler’s Notch State Park, Stowe, Vermont, USA
http://i1183.photobucket.com/albums/x474/konay1/generral%202/15smugglers1.jpg
အမေရိကန်နိုင်ငံ မှ လှပသော လမ်းတစ်လမ်းပုံပါ။
16.Tree Tunnel at Christchurch Priory in Dorset, U.K.
http://i1183.photobucket.com/albums/x474/konay1/generral%202/16o-129691440-570.jpg
ဗြိတိန် နိုင်ငံတွင် ရှိသော လှပသော သစ်ပင်ဥမင် လမ်းကလေးပါ။
17.Maple Tunnel,Oregon
http://i1183.photobucket.com/albums/x474/konay1/generral%202/FB_IMG_1471968081820.jpg
ဒီ လမ်းလေးကလည်း လှပပြီး စိတ်ကူးယဉ်စရာ ကောင်းတာပါပဲနော်။
ဒီလောက်ဆိုရင် သွားလည်ချင်သူတွေအတွက်လုံလောက်ပါပြီနော်...
10/30/2012 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ.................နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...