Friday, August 5, 2016

ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt )

သူငယ်ချင်းတို့ကို ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) အကြောင်းကို
တင်ပြပေးချင်ပါသည်။အခြားလှိုဏ်ဂူများနှင့်မတူပဲ အထဲမှာ ကျောက်စက်ပန်းဆွဲများ
ပုံစံ ဖြစ်တည်နေသော ရေခဲလွှာများ ၊ ရေခဲတိုင်များကို တွေ့မြင်ရမှာပါ။
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ(Eisriesenwelt) သည် Austria နိုင်ငံ Werfen
မှာတည်ရှိပြီး Salzburg မြို့ကနေ ၄၀ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိသော
သဘာဝထုံးကျောက်ရေခဲလှိုဏ်ဂူ အမျိုးအစားပါ။
http://i.imgsafe.org/4cc041abdc.jpg
ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
အကျယ်အ၀န်းအားဖြင့် 42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိပြီး
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ အဖြစ် သတ်မှတ်ထားကြပါသည်။
http://i.imgsafe.org/4cbfd54350.jpg
( တောင်ပေါ်မှ ရေခဲလှိုဏ်ဂူသို့ ၀င်ရောက်ရာ ဂူပေါက် )
ဒီဂူကြီးသည် ၁၆၅၆ မီတာ အမြင့်မှာ တည်ရှိတာမို့ လာရောက်သူများအနေဖြင့်
တောင်ပေါ်ကိုအရင် တက်ပြီးမှ ရေခဲလှိုဏ်ဂူ ထဲကို ရောက်ရှိမှာပါ။
http://i.imgsafe.org/4cc017e2aa.jpg
လှိုဏ်ဂူထဲတွင် ရှည်လျားပြီး ပုံသဏ္ဍာန် အမျိုးမျိုးသော ရေခဲ ပုံဆောင်ခဲတွေနှင့်
 အခန်းငယ် ကလေးတွေ ဖြစ်ပေါ်လို့နေ ပါသည်။
http://i.imgsafe.org/4cc012a229.jpg
လှိုဏ်ဂူရှည်ကြီး ဖြစ်သော်လည်း လာရောက်လည်ပတ်သူများအနေဖြင့်
မီတာ ၁၀၀၀ လောက်ကို ၀င်ရောက်ကြည့်ရှု့နိုင်မှာပါ။
ပြီးတော့ ရှေ့မှာရေခဲထုတွေလည်း ခံနေသလို အတွင်းဘက်တွင် အင်မတန် မတ်စောက်တဲ့ လှိုဏ်ဂူအစိတ်အပိုင်းတွေ ဖြစ်တာမို့ ဝင်ခွင့်မပြုပါ။
http://i.imgsafe.org/4cbfe298f9.jpg
 ဒီလှိုဏ်ဂူကို ၁၈၇၉ ခုနှစ်မှာ သဘာဝသိပ္ပံပညာရှင် Anton Posselt က
ပထမဦးဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာလှိုဏ်ဂူအတွင်းကို မီတာ ၂၀၀လောက်
ကိုသာ စူးစမ်းလေ့လာနိုင်ခဲ့ပါသည်။သူ မတွေ့ရှိခင် တုန်းကတော့
ဒီရေခဲဂူကို ဒေသခံတွေလောက်သာ သိရှိခဲ့ကြပြီး သူတို့တွေဟာ
ဒီလှိုဏ်ဂူပေါက်ဝဟာ ငရဲကိုသွားရောက်တဲ့ ဝင်ပေါက်ဝလို့ ယုံကြည်ခဲ့ကြပါသည်။
ဒီလှိုဏ်ကို တူးဖော်စူးစမ်းရေး လုပ်မယ်ဆိုတဲ့ အခါမှာ ဒေသခံတွေဟာ လေ့လာခြင်း
မပြုလုပ်ဖို့ ၀ိုင်းဝန်းကန့်ကွက် ခဲ့ကြပါသည်။
http://i.imgsafe.org/4cbfc2585c.jpg
အဲဒီနောက်ပိုင်း နှစ်ပေါင်းများစွာ လူသိနည်း ၊ စိတ်ဝင်စားမှု မခံခဲ့ရပဲ
၁၉၁၂ခုနှစ် ရောက်တဲ့ အခါ အခြားသော ပညာရှင်များက ဆက်လက် လေ့လာဖော်ထုတ်ခဲ့ကြပြီး
၁၉၂၀ တွင်တော့ ခရီးသွားများလာရောက်လည်ပတ်လို့ရသော ဂူအဖြစ်
ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
http://i.imgsafe.org/4cc007c552.jpg
Eisriesenwelt ရေခဲဂူဟာ Salzach မြစ်ကြီးစီးဆင်းရာမှ
၎င်း တောင်နံရံများကို တိုက်စားပြီး မြစ်ကြောင်း ကို ဖြတ်စီးရာမှ လှိုဏ်ဂူကြီး
ဖြစ်ပေါ်စေခဲ့တာပါ။
http://i.imgsafe.org/4cc03992c1.jpg
 ချောမွတ်တောက်ပြောင်နေတဲ့ နံရံ၊ ကျောက်စက် ပန်းဆွဲများ၊
ကျောက်သားတိုင် ကြီးများ၊ ရေခဲတုံးကြီးများရဲ့ အထူးထူးသော ပုံသဏ္ဍာန်များ
တို့ဟာ ခရီးသွားဧည့်သည်များကို အထူးတလည် စိတ်ဝင်စားစေတဲ့ အချက်များဖြစ်ပါတယ်။
http://i.imgsafe.org/4cc07bf073.jpg
ရေခဲဂူကြီးကို နှစ်စဉ်နှစ်တိုင်း မေလ ၁ ရက်နေ့ မှ အောက်တိုဘာ ၂၆ ရက်နေ့ အထိ
ဖွင့်လှစ်ပေးထားပါသည်။
http://i.imgsafe.org/4cbfe00096.jpg

http://i.imgsafe.org/4cc060a353.jpg
ဂူအတွင်းမှာတော့ အပူချိန်ဟာ ရေခဲမှတ်အောင် ဖြစ်တဲ့ သုညဒီဂရီ စင်တီဂရိတ်
အောက်ကို အမြဲတမ်း ရှိနေတတ်ပြီး သာမာန် အဝတ်အစားဖြစ်တဲ့ တီရှပ်၊ ဘောင်းဘီတို
စသည်တို့နှင့် ဝင်ရောက်ခြင်း မပြုကြဘဲ နွေးထွေးထူထဲတဲ့ အဝတ်အစားများနဲ့
ဝင်ရောက်ကြဖို့ သတိပေးထားပါသည်။
http://i.imgsafe.org/4cbfbe63e6.jpg
တစ်နှစ်တစ်နှစ်ကိုခရီးသွား 200,000 လောက် လာလည်တက်ပါသည်။
http://i.imgsafe.org/4cc01ba55f.jpg



http://i.imgsafe.org/4cc0669dce.jpg
( ၀င်ပေါက် နှင့် တောင်တက်လမ်း )

http://i.imgsafe.org/4cbfe812d5.jpg
( လှိုဏ်ဂူ မှ မြင်ရသော သဘာဝ ရှုခင်းအလှ )

http://i.imgsafe.org/4cbfe8df49.png
( ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ တည်ရှိရာ နေရာ )
သူငယ်ချင်းတို့လည်း Austria ရောက်လို့ လှိုဏ်ဂူ ဖွင့်တဲ့လ နှင့်ကြုံလျှင် သွားရောက်လည်ပတ်
ကြပါအုံးနော်။
2/12/2013 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...