တစ်မူထူးစွာ ပန်းရောင်ရေပြင်ဖြစ်နေသော ရေကန်များ၊ အိုင်ကြီးများ ရှိတတ်ကြပါသည်။
ထိုကဲ့သို့ တစ်မျိုးလှပနေသော ပန်းရောင်ရေကန်များထဲမှ နာမည်အကျော်ကြားဆုံး
နှင့် လူသိအများဆုံးဖြစ်သော ဆီနီဂေါနိုင်ငံမှ သဘာဝအတိုင်းဖြစ်တည်နေသော
ပန်းရောင်ရေကန်ကြီး အကြောင်းကို ဦးစွာ တင်ပြလိုပါသည်။

Lake Retba (သို့) Lac Rose လို့အမည်ရသည့် ပန်းရောင်ရေကန်ကြီးသည်
အနောက် အာဖရိကရှိ Senegal နိုင်ငံ မြို့တော် ဒါကာ မှ အရှေ့မြောက်ဘက်
၃၀ ကီလိုမီတာ(၁၈မိုင်) ခန့်အကွာတွင် တည်ရှိနေပါသည်။

ထိုကန်ထဲတွင် ရေညှိပင်တစ်မျိုး (Dunaliella salina ) များပေါက်ရောက်နေသည့်
အတွက် ထိုကန်မှရေများသည် ပန်းရောင်အဖြစ်သို့ ပြောင်းလဲနေခြင်းဖြစ်ပါသည်။
ထိုရေညှိပင်မျိုးသည် ဆားပါဝင်မှုများသော ရေပြင်များတွင်သာ ပေါက်ရောက်တတ်ပြီး
Lake Retba လို့ခေါ်တဲ့ ပန်းရောင်ရေကန်ဟာလည်း (ပင်လယ်သေလို)
အင်မတန်မှများပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆများလွန်းတဲ့အတွက်
လူကိုရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။

ရေကန်ထဲတွင် ဆားပါဝင်မှုသည် ၄၀ ရာခိုင်နှုန်းနှင့် အထက် ရှိပါသည်။
ခရီးသွားဧည့်သည်များကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင်ရေကန်ကြီးဟာ
ကန်ထဲမှာရေစိမ်ရင်း ရေပေါ်မှာပေါ်နေတဲ့အရသာကို ခံစားချင်သူများ
အကြိုက်ဖြစ်ပါသည်။

သဘာဝမှ ပေးထားသော ထိုပန်းရောင်ကန်ကြီးတွင် လူဦးရေ ၃၀၀၀ ခန့်သည်
ဆားထုတ်လုပ်ရောင်းချခြင်းဖြင့် ရပ်တည်ကြပါသည်။တစ်နေ့တွင် ၆နာရီ၊
၇ နာရီခန့် ကန်အတွင်း၌ ရှိသော ဆားများကို စုဆောင်းရယူရောင်းဝယ်တတ်
ကြပါသည်။

ထို့ပြင် ပန်းရောင်ရေကန်ကြီးတွင် ငါးဖမ်းခြင်းလုပ်ငန်းဖြင့်
ရပ်တည်နေကြသူများလည်းရှိပါသည်။ ပင်လယ်သေ တွင် ဆားဓာတ်ပျော်ဝင်မှု
များသဖြင့် ငါးများရှင်သန်နိုင်မှု မရှိကြသော်လည်း ဒီပန်းရောင်ရေကန်တွင်တော့
ငါးများကို ဖမ်းယူ ရရှိနိုင်ပါသည်။ ဒီကန်ထဲရှိငါးများသည် အခြားငါးများနှင့်မတူပဲ
ဆားဓာတ်များသော ရေထဲတွင် နေထိုင်နိုင်အောင် သဘာဝ၏ ဖန်တီးပေးမှုကို
ရရှိထားကြပါသည်။ ရေငန်တွင် နေထိုင်နိုင်သော ပင်လယ်ငါးနှင့် ပုဇွန်များကဲ့သို့
ပါ။ တန်ချိန်များစွာတို့ကို ပန်းရောင်ရေကန်ရဲ့ ကမ်းခြေမှာ ရောင်းချကြပါတယ်။

နေရောင်ခြည်ပေါ် မူတည်ပြီး ပန်းနုရောင်ကနေ အနီရင့်ရင့် အရောင်အထိ
ပြောင်းလဲတတ်ပါသည်။
ရေကန်၏ မျက်နှာပြင်ဧရိယာသည် 3 km2 (၁ စတုရန်းမိုင်) အထိရှိပြီး
ရေကန်အနက်ကတော့ 3 metres (9.8 ပေ) ရှိပါသည်။

Lake Retba လို့ခေါ်တဲ့ ပန်းရောင်ရေကန်သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
ဒေသတစ်ခု ဖြစ်ပါသည်။
အခြားသော ကမ္ဘာပေါ်ရှိ ပန်းရောင်ရေကန်များကိုလည်း စုစည်းတင်ပြပေးပါအုံးမည်။
6/30/2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။