တည်ရှိတာ မဟုတ်ပဲ တောင်ရဲ့အောက်ခြေမှာ သက်သက် တည်နေတာပါ။
မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ် ၊ Marieta ကျွန်း
မှာတည်ရှိပါတယ်။

ဒီကမ်းခြေ ရဲ့ အထက်မှာ တောင်တွေရှိပြီး ဒီဒေသ ဟာ တစ်ချိန်က မီးတောင် တစ်လုံး
ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာတာလို့ ဆိုကြပါတယ်။

ဒီကျွန်းဟာ လူ အသွားအလာနည်းပြီး သီးခြားတည်နေတာမို့ မက္ကဆီကိုအစိုးရ ရဲ့
စစ်လက်နက်ပစ္စည်းများဆန်းသပ်ရာဒေသပါ။ လူအသွားအလာကိုလဲ သန့်ကတ်ထားမှု
ဟာ အခုအချိန်အထိ ရှိနေတုံးပါ။

အခုအချိန်တွင် ဒီဒေသ ကို သဘာဝကမ်းခြေအဖြစ် သတ်မှတ်ထား ပြီး
ခရီးသွားဧည့်သည် တွေအနေနှင့် သတ်မှတ်ထားသော ကန့်သတ်ချက်များကို
လိုက်နာရပါတယ်။ ဒါကတော့ ငါးဖမ်းခြင်း ဆိုတာမျိုး တွေကို ခွင့်မပြုပါဘူး။

သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။

ကမ်းခြေ အတွင်းအပြင် နှစ်ခုရဲ့ လှပ ဆန်းပြားမှုတွေကို ရောက်လျှင် မြင်တွေ့ရမှာပါ။

လျှို့ဝှက်ကမ်းခြေလေး တည်ရှိရာ နေရာပါ။
1/29/2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။