ရေခဲဟော်တယ်၊ဆားဟော်တယ် စသည်ဖြင့် များပါတယ်။အခုလည်း ထပ်ပြီး
ရှာတွေ့သမျှကို တစ်ပေါင်းတည်းတင်ပေးလိုက်ပါတယ်။အားပေးကြပါအုံး...
ဒီဟော်တယ်တွေက ငွေပေးပြီးတည်းရပေမယ့် သူတို့ရဲ့ဝန်ဆောင်မှု နှင့်
အဆောက်အဦး ပုံစံ တွေက တစ်မျိုးဆန်းသစ်နေလို့ ဆန်းဆန်းပြားပြားဟော်တယ်
များလို့ အမည်တပ်လိုက်ပါတယ်...
Feb , 2013 မှပိုစ့်အား ပြန်လည် ပြင်ဆင် တင်ပြထားပါသည်။
ရေပေါ် ဟော်တယ် ( Floating Hotel )

ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ဒီဇိုင်းပုံစံနှင့်တည်ဆောက်ထားတာကတော့
ဆွီဒင်နိုင်ငံမှာပါ။ ဖောင်ပုံစံမျိုးတည်ဆောက်ထားပြီး လိုတဲ့နေရာကို ရွေ့နိုင်ပါတယ်။
ညပိုင်းအိပ်ရင်တော့ တစ်မျိုးဇိမ်ကြမှာပါ။ညင်သာတဲ့ တေးသွားသံစဉ်လေးနဲ့
အနားယူဖို့ ဖန်တီးပေးထားပါတယ်။
သဲဟော်တယ် ( Sand Hotel )

သဲတရှရှ နဲ့တည်းရမယ့် သဲဟော်တယ်ကတော့ ဗြိတိန်နိုင်ငံ မှာတည်ရှိတာပါ။
Weymouth ကမ်းခြေမှာ အနားယူနိုင်ပါတယ်။
Jungle Hotel

Maxico တောထဲက ပုံစံဆန်းတဲ့ဟော်တယ်ပါ။ အဆောက်အဦးများကို
V ပုံစံနှင့် တည်ဆောက်ထားပါတယ်။ရှုခင်းကလည်းလှတယ်နော်...
ရေခဲဟော်တယ် ( Ice Hotel )

အေးအေးချမ်းချမ်းနဲ့တည်းချင်သူတွေအတွက် ပါ။ ရေခဲဟော်တယ်ဆိုမှတော့
မအေးချမ်းမှာ မပူရတော့ဘူးပေါ့။ ကနေဒါ မှာ တည်ရှိတာပါ။
Capsule Hotel

ဂျပန်မှာ တည်ရှိတဲ့ အာကာသယာဉ်အခန်းပုံစံ ဟော်တယ်ပါ။
ငွေကုန်ခံပြီး ကျဉ်းကျဉ်းကျပ်ကျပ် တည်းချင်ရင် သွားသင့်ပါတယ်။
Survival Pod Hotel

နောက်ထပ် ရေပေါ်မှာ ပေါ်လော ပေါ်နေတဲ့ ဟော်တယ်ပါ။
ရေကြီးမှာကို မကြောက်ရပါဘူးတဲ့။ နယ်သာလန်နိုင်ငံမှာ တည်ရှိတာပါ။
Cave Hotel

သဘာဝ ကျောက်လှိုဏ်ဂူပုံစံ နဲ့တည်ချင်တယ်ဆိုရင်တော့ တူရကီ နိုင်ငံ
ကိုသွားလိုက်ပါဗျာ...
Airplane Hotel

တကယ့် jumbo jet လေယျာဉ်ကို ဟော်တယ်အဖြစ်ဖန်တီး ထားတာပါ။
ဆွီဒင် နိုင်ငံ မှာတည်ရှိပါတယ်။
Treehouse Hotel

ငွေကုန်ခံပြီး သဘာဝကျကျ နေချင်တဲ့သူတွေအတွက် အိန္ဒိယမှာ
တည်ရှိတာပါ။
အကျဉ်းထောင်ပုံစံဟော်တယ် ( Prison Hotel )

ထောင်ကျနေတဲ့ သူက လက်တော့ သုံးပြီးခေတ်မှီနေတာ မဟုတ်ပါဘူး။
ဂျာမနီမှာ တည်ရှိတဲ့ ထူးဆန်းတဲ့ဟော်တယ်ပါ။ လာတည်းတဲ့ သူတွေအတွက်
ဟော်တယ် ၀တ်စုံက အကျဉ်သားတွေဝတ်တဲ့ ပုံစံနဲ့ပါ။
ရေအောက်ဟော်တယ် ( Underwater Hotel )

ဖီဂျီ ကရေအောက်ဟော်တယ်ပါ။ သဘာဝပင်လယ် အောက်ခြေကို
ရောက်ရှိတည်းချင်သူတွေအတွက် ကောင်းပါတယ်။ မှန်တွေ ကွဲသွားမှ ဒုက္ခနော်...
ရေပိုက်ဟော်တယ် ( Drain Pipe )

ငွေကုန်ခံပြီး ရေသွင်းပိုက်လုံးတွေထဲ မှာ တည်းချင်သူတွေအတွက် Austria
မှာတည်ရှိတာပါ။
ထွင်းဖောက်မြင်နိုင်သော အက်စကီးမိုးအိမ်ဟော်တယ် ( Igloo Hotel )

အပြင်ဘက် ကောင်းကင်ယံကို ထွင်းဖောက်မြင်နိုင်သည့် အက်စကီးမိုးလူမျိုးများ၏ အိမ်ကဲ့သို့ ဖန်တီးထားသော ဟော်တယ်မျိုးကို ဖင်လန်နိုင်ငံတွင် ဖွင့်လှစ်ထားပါတယ်။
ဆောင်းရာသီ နှင်းများကျဆင်းနေပုံကို ခံစားနိုင်သည့် ယခုဟော်တယ်အမျိုးအစားကလည်း ခရီးသွားများအတွက် အကြိုက်ဖြစ်စေပါတယ်။
အမိုးအကာမဲ့ ဟော်တယ်

ဆွစ်ဇာလန်နိုင်ငံ မှာ တည်ဆောက်ဖွင့်လှစ်ထားသည့် တောင်ပေါ်မှ အမိုး ၊ အကာ မဲ့ ဟော်တယ်ပါ။
သဘာဝအလှအပများကို ခံစားနိုင်ရန် တည်ထွင်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လုံလုံခြုံခြုံ တည်းခိုလိုသူတွေ အတွက်တော့ အကြိုက် ဖြစ်မယ် မထင်ပါ။
တဲပုတ်ဟော်တယ် ( Hut Hotel )

ငွေကြေးအကုန်အကျခံပြီးတော့ သစ်တောထဲမှာ သဘာဝကျကျ သစ်တောအိမ် တဲပုတ်လေးများဖြင့် တည်းခိုလိုသူများအနေဖြင့် ဆွီဒင်နိုင်ငံမှာ သွားရောက်တည်းခို နိုင်ပါတယ်။ Skarsjon ရေကန်ကြီး၏ အလှအပကို ခံစားနိုင်မည့် ဒီလိုတဲပုတ်လေးမျိုး ၁၂ လုံးကို တောအုပ်ထဲမှာ တည်ဆောက်ပေးထားတာပါ။
သဘာဝအတိုင်း ဖြစ်ရန် အတတ်နိုင်ဆုံး စီစဉ်ထားပြီး ၊ နောက်ဆုံး ညပိုင်းမှောင်၍ မီးထွန်းလိုလျှင်ပင် လျှပ်စစ်မီး မရှိပါ။ ဖယောင်းတိုင် (သို့) ဆီမီးမျိုးကိုသာ ထွန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။
ရထားဟော်တယ်

ရထားပေါ်မှာ တည်းချင်သူများအတွက် အမေရိကန်၊ အလက်စကာမှ Aurora ဟိုတယ်ရှိပါတယ်။ အငြိမ်နေတာမဟုတ်ဘဲ တောင်တန်းတွေကြား လှည့်ပတ်မောင်းနှင်နေတာမို့ ခရီးသွားများ အကြိုက်တွေ့စေတဲ့ ဟော်တယ်တစ်ခုပါ။
စက်လုံးပုံ ဟော်တယ်

ကနေဒါနိုင်ငံ မိုးသစ်တောအထဲ၌ရှိတဲ့ စက်လုံးပုံဟော်တယ်လေး ဖြစ်ပါတယ်။ လေထဲမှာ တွဲလွဲခိုနေသော ပုံစံဖြစ်ပြီး အရွယ်ရောက်ပြီးသူများကိုသာ တည်းခိုခွင့် ပြုထားပါတယ်။
ရေပေါ်ဟော်တယ်

ပင်လယ်ရေအောက် သဘာဝအလှအပများကို ခံစားနိုင်သလို ပင်လယ်ပြင်ပေါ်မှာ ပေါလောပေါ်နေတဲ့ ဟော်တယ်ခန်းအတွင်း အနားယူအိပ်စက်နိုင်ပါတယ်။ ဇန်ဇီဘာနိုင်ငံမှာ တည်ရှိပါတယ်။
အရက်စည်ဟော်တယ်

မက္ကဆီကိုနိုင်ငံမှာ တည်ရှိတဲ့ ဒီဟော်တယ်လေးကလည်း ထူးခြားတဲ့ ဟော်တယ်ခန်းပုံစံလေးကြောင့် နာမည်ကျော်ကြား လှပါတယ်။ ဟော်တယ်ခန်းများကို အရက်စည်များပုံစံ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှ Inntel Hotel

နယ်သာလန်နိုင်ငံမှ Inntel Hotel ရဲ့ ထူးခြားတဲ့ ဒီဇိုင်းပုံစံကြောင့် လူသိများလှပါတယ်။
သဘောင်္ဟော်တယ်

ဒီသဘောင်္ဟော်တယ်ရဲ့ ထူးခြားမှုကတော့ ပင်လယ်ထဲမှာ တည်ရှိနေခြင်း မဟုတ်ဘဲ ကမ်းခြေမှ ကုန်းမြင့်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဇိမ်ခံသဘောင်္ကြီးပုံစံ တည်ဆောက်ထားပြီး တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပါတယ်။
ကရိန်းဟော်တယ်

အဆင့်မြင့်မြင့် တည်းချင်သူများအတွက် နယ်သာလန်နိုင်ငံမှာ ကရိန်းဟော်တယ် ရှိနေပါတယ်။ တကယ့် ကရိန်းအစစ်ကြီးရဲ့ ထိန်းချုပ်ခန်းများကို ဟော်တယ်ခန်းအဖြစ် ပြောင်းလဲထားပြီး အခန်းနှစ်ခန်း ရှိပါတယ်။ အတက်အဆင်းအတွက် ဓာတ်လှေကားကိုလည်း တပ်ဆင်ပေးထားပါတယ်။ ညပိုင်းအိပ်နေရင်း ယောင်ကာ လမ်းလျောက်တတ်သူများအတွက်ကတော့ ဒီဟော်တယ်ကို မတည်းတာ အကောင်းဆုံး ဖြစ်မှာပါ။
ကားဟော်တယ်

ကားချစ်သူများအတွက် V8 ဟော်တယ်က ရှိနေပါတယ်။ ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့ရှိ V8 ဟော်တယ်တစ်ခုလုံးကို ကားများ ၊ ကားအပိုပစ္စည်းများ ၊ ကားနှင့် ပတ်သတ်သော အသုံးအဆောင်များနဲ့သာ ဒီဇိုင်းဆင် တည်ဆောက်ထားတာပါ။ ကြယ်လေးပွင့် အဆင့်ရှိ ဟော်တယ်ဖြစ်ပြီး ကားချစ်သူများ အမြဲလာတတ်တဲ့ နေရာတစ်နေရာပါ။
တောင်ကမ်းပါးယံမှ ဟော်တယ်

ဆွစ်ဇာလန်နိုင်ငံရှိ တောင်ကမ်းပါးယံတွင် ကပ်ကပ်သပ်သပ် တည်ဆောက်ထားတဲ့ Ascher Cliff ဟော်တယ်ပါ။ တည်ဆောက်ထားပုံ ထူးခြားလှပသလို ပတ်ဝန်းကျင်မှ ၀န်းရံနေသော တောင်တန်းများနဲ့ သဘာဝအလှအပများကို အကောင်းဆုံး ရှု့မြင်နိုင်စေမယ့် နေရာတစ်နေရာပါ။
ချောကလက်ဟော်တယ်

ချောကလက်ကြိုက်သူတွေ သွားသင့်တဲ့ ဟော်တယ်တစ်ခုပါ။ အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့ရှိ Bryant Park ဟော်တယ်ရဲ့ အသုံးအဆောင်များအားလုံးကို ချောကလက်များနဲ့သာ တည်ဆောက်ထားပါတယ်။ စာပွဲခုံ ၊ ကုလားထိုင်များ ၊ အသုံးအဆောင်ပစ္စည်းများနဲ့ ဖယောင်တိုင်မီးထွန်းတဲ့ စင်များနဲ့ ပန်းဆွဲများကိုပါ ချောကလက်ဆောင့်များဖြင့် ပုံဖော်ပြုလုပ် ထားပါတယ်။ နံရံများကိုပင် ချောကလက် အဖြူနဲ့ အညိုကိုသုံးကာ မွန်းမံထားပါတယ်။
မှန်လုံသစ်ပင်အိမ်ဟော်တယ်

ဆွီဒင်နိုင်ငံရှိ Tree House ဟော်တယ်လေးရဲ့ ဘေးပတ်လည်ကို ရောင်ပြန်မှန်ချက်များနဲ့ ဒီဇိုင်းဆင်ထားလို့ ဆန်းသစ်လှပနေပါတယ်။
ရေတံခွန်ပုံစံဟော်တယ်

ချီလီနိုင်ငံမှာ တည်ရှိတဲ့ ဒီဟော်တယ်ကလည်း ဒီဇိုင်းဆန်းဆန်းနဲ့ ဖြစ်ပါတယ်။ တောင်ထိပ်ကနေ ရေများကျဆင်းနေပြီး ဘေးပတ်ပတ်လည်မှာ ရေညှိများ ကပ်နေပါတယ်။ ချီလီနိုင်ငံ သစ်တောအတွင်း တည်ရှိနေပြီး သဘာဝရှု့ခင်းများကိုလည်း ခံစားနိုင်စေပါတယ်။
လေယာဉ်ဟော်တယ်

ကော်စတာရီကာမှ လေယာဉ်ဟော်တယ် ဖြစ်ပါတယ်။
လင်းနို့ဂူဟော်တယ်

ထိုင်ဝမ်မှာရှိတဲ့ ဟော်တယ်တစ်လုံးရဲ့ အပြင်အဆင်များကို လင်းနို့လူသား သိပ္ပံဇာတ်လမ်းတွဲများကအတိုင်း ဒီဇိုင်းဆင်ပေးထားပါတယ်။ လင်းနို့လူသား ဇာတ်လမ်းများကြိုက်တဲ့လူတွေ သွားသင့်တဲ့ နေရာပါ။
Hotel Jested

အမိုးချွန်ချွန်ကြီးနဲ့ ထင်သာမြင်သာ ရှိစေတဲ့ ဒီဟော်တယ်ကတော့ ချက်နိုင်ငံမှာ ရှိပါတယ်။ အတွင်းပိုင်း ပြင်ဆင်မှုကောင်းမွန်သလို ပတ်ဝန်းကပျင်ကိုလည်း အပေါ်စီးမှ ကြည့်ရှု့ခံစားနိုင်မှာ ဖြစ်ပါတယ်။
Dog Bark Park Inn

အမေရိကန်နိုင်ငံ အိုင်ဒါဟိုးပြည်နယ်မှာရှိတဲ့ ခွေပုံစံတည်ဆောက်ထားသော တည်းခိုခန်းလေးပါ။ အဆောက်အဦးတစ်ခုမှာ အိပ်ခန်းနှစ်ခန်း ပါဝင်ပါတယ်။
သစ်ကုလားအုပ်ဟော်တယ်

ကင်ညာနိုင်ငံမှာရှိတဲ့ ယခုဟော်တယ်မှာ သစ်ကုလားအုပ်မျာနဲ့ အနီးကပ် နေထိုင်ကြရမှာပါ။ သစ်ကုလားအုပ်များဟာ လူများနဲ့ ယဉ်ပါးနေပြီး အကြောက်အလန့်လည်း မရှိပါဘူး။ သစ်ကုလားအုပ်များနဲ့အတူတူ အစာတောင် အတူသုံးဆောင်နိုင်ကြမှာပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

World natural heritage အကြောင်း ရေးပါလား။
ReplyDeleteကိုကြာရေ...အရင် ရေးထားတာတွေရှိပါတယ်။ထပ်ပြီးရှာပြီးရေးအုံးမယ်ဗျာ
Delete