Sunday, September 25, 2016

ထူးခြားတဲ့ ခြေထောက်ပိုင်ရှင်

http://i1183.photobucket.com/albums/x474/konay1/general%204/other_backwards-feet_e995f.jpg
တရုတ်နိုင်ငံ၊ ချောင်ကွင်းမြို့မှာ နေထိုင်တဲ့ အသက် (၃၀) နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးဟာ ငယ်စဉ် ကတည်းက ထူးခြားတဲ့ ခြေထောက် ပိုင်ရှင် ဖြစ်ခဲ့ပါတယ်။ မွေးရာပါ ထူးခြားတဲ့ ခြေထောက်ကို ပိုင်ဆိုင် ထားခြင်း ဖြစ်ပါတယ်။
ဝမ်ဖန်ဟာ အခြားသူ တွေနဲ့ မတူတဲ့ ခြေထောက်မျိုး ဖြစ်နေပါ တယ်။ ၀မ်ဖန်ရဲ့ ခြေထောက်တစ်စုံဟာ
နောက်ပြန် အနေအထားမျိုး ဖြစ်နေတာပါ။ မွေးရာပါ ခြေထောက် တစ်စုံဟာ နောက်ပြန် အနေအထား
ဖြစ်နေ တာမို့ လမ်းကောင်းစွာ မလျှောက်နိုင်မှာကို ဆရာဝန်တွေက စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် ၀မ်ဖန်ဟာ ငယ်စဉ်ဘ၀ ကနေ အခုအချိန်ထိ အခြားသူတွေလို ကောင်းစွာ လှုပ်ရှားသွားလာနိုင်တဲ့ အပြင် သူငယ် ချင်းဖြစ်သူ တွေထက် ပိုမြန်အောင် ပြေးနိုင်စွမ်းလည်းရှိပါတယ်။
ဝမ်ဖန်ဟာ သူ့ကိုယ်သူ မသန်စွမ်းဘ၀ ရောက်နေ သူလို့ ဘယ်တုန်းကမှ မမြင်ခဲ့ပါဘူး။ အရာတိုင်းကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး အိမ်က ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုး ၀န်ထမ်းအဖြစ်
ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ၀မ်ဖန်ဟာ သားတစ်ယောက် မွေးဖွား ထားပြီး၊ အဲဒီသားလေး ကတော့ ပုံမှန် ခြေထောက်မျိုးပဲ ရှိတယ်လို့ ဆိုပါတယ်။
ဝမ်ဖန်ရဲ့ ခြေထောက်ဟာ ပုံမှန်မဟုတ်လို့ အထူးပြု လုပ်ထားတဲ့ ဖိနပ်ကို ၀တ်ဆင်ရလေ့ရှိ ပါတယ်။ ၀မ်ဖန် ကဲ့သို့ ပုံမှန်မဟုတ်တဲ့ ပုံစံမျိုး ဖြစ်နေတဲ့ သူတွေရှိခဲ့ ဖူးပါတယ်။ ဘရာဇီးလ် နိုင်ငံသား အိုလီဗီယာဟာ မွေး ရာပါ ဦးခေါင်းကို အပေါ်အောက်လှန်နိုင်တဲ့ ပုံစံမျိုး ဖြစ်နေပေမယ့် စကားပြောဆိုမှုကို ကောင်းစွာ လုပ်နိုင် တယ်လို့ သိရပါတယ်။
credit:messenger 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...