Friday, September 16, 2016

ငါးသားပေါက်များကို ပါးစပ်တွင်း ငုံထားတတ်သည့် Cardinalfish ငါးထီးများ

http://i1183.photobucket.com/albums/x474/konay1/funny/IMG_20160916_015302.jpg
ကြည့်လိုက်တာနှင့် အရောင်များတောက်ပနေသော Cardinalfish (ကာဒီနယ်) ငါး
လေးများသည် Apogonidae မျိုးနွယ်ဝင်များဖြစ်ကြပြီး ရောင်ပြန်ငါး အမျိုးအစားများ
ဖြစ်ကြပါသည်။ ထိုငါးကလေးများမှာ အံ့သြဖွယ်ကောင်းသော အမူအကျင့်
ထူးခြားမှု လေးများကြောင့် လူသိများထင်ရှားကြခြင်းဖြစ်ပါသည်။
ထိုထူးခြားမှုကတော့ ကာဒီနယ်ငါးမများသည် ဥ ဥချိန်တန်ချိန်တွင်
ငါးထီး၏ ပါးစပ်အတွင်း၌ ဥများကို ဥချပေးလိုက်ပါသည်။
ငါးထီးများသည် ထို ဥ လေးများကို ခံတွင်း၌ ငုံထားပြီး ငါးသားပေါက်လေး
များ ဖြစ်ချိန်အထိ ကာကွယ်စောင့်ရှောက်ပေးထား ပါသည်။
သူတို့ ပါးစပ် ထဲမှာ ထည့်ပေးထားခြင်း ဖြင့် အခြားသော ပင်လယ် သားကောင်
များ၏ ရန်လိုမှု၊ တိုက်ခိုက်မှုကို ကာကွယ်ပေးပြီး ဖြစ်ပါသည်။
ကာဒီနယ်ငါးထီးများသည် ငါးဥ လေးများနှင့် ငါးသားပေါက်လေးများကို
စားသုံးခြင်းမရှိပဲ စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။
သို့သော် ခန့်မှန်းခြေအားဖြင့် ငါးဥလေးများ၏ ၃၀ ရာခိုင်နှုန်းလောက်
ကတော့ မတော်တဆ အမှတ်တမဲ့ စားသုံးမိခြင်း ခံရနိုင်ပါသည်။
ထိုကာဒီနယ်ငါးမျိုးများမှာ သေးငယ်သော အရွယ်အစားသာ
ရှိကြပါသည်။ အမြဲတမ်း (8 – 10 cm) ၃ လက်မ မှ ၄ လက်မ အတွင်းသာ
အရွယ်အစား ရှိကြပါသည်။ ကာဒီနယ်ငါးများ၏ မူရင်းဒေသကတော့
အိန္ဒိယ နှင့် ပစိဖိတ် သမုဒ္ဒရာများဖြစ်ပြီး ပင်လယ်ရေငံ တွင်သာ
အများဆုံးနေထိုင်တတ်ကြပါသည်။ တစ်ချို့ငါးမျိုးကွဲများကိုတော့
ကုန်းတွင်း ရေချိုတွင်လည်း တွေ့ရတတ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...