Saturday, September 17, 2016

တစ်နှစ်တွင် မိုးကြိုးအကြိမ်ရေ ၁.၂ သန်းခန့်ပစ်သော ကမ္ဘာ့မိုးကြိုးအပစ်ဆုံးနေရာ

နှစ်စဉ် အကြိမ် ၁.၂ သန်းခန့် မိုးကြိုးပစ်လေ့ ရှိသည် ဆိုသည်မှာ
ယုံတမ်းစကား တစ်ခုမဟုတ်ပဲ ဗင်နီဇွဲလားနိုင်ငံတွင် တကယ်ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891153229.jpg
ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ဘက်ရှိ Maracaibo ကန်ကြီး အတွင်းသို့
ကာတာတမ်ဘိုမြစ် (Catatumbo ) စီးဝင်ရာ နေရာဒေသတွင် ထိုကဲ့သို့
ကမ္ဘာ့လေထု နှင့်စပ်လျဉ်းသော သဘာဝဖြစ်စဉ်တွေ ဖြစ်ပေါ်နေခြင်း
ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891159271.jpg
လူအများ ပြောကြသလို “တစ်နေရာထဲကို မိုးကြိုးနှစ်ကြိမ် ပစ်လေ့မရှိ”
ဆိုသောစကားသည် သည်ဒေသအတွက်တော့ မမှန်ကန်ပါ။
သည်နေရာတွင် တစ်နှစ်ကို ရက်ပေါင်း ၂၆၀ ခန့် မိုးကြိုးမုန်တိုင်း
ပြင်းပြင်းထန်ထန် ကျရောက်တတ်ပါသည်။ အနည်းဆုံး နှစ်များတွင်
ရက်ပေါင်း ၁၄၀ ခန့်တော့ ပုံမှန် မိုးကြိုးမုန်တိုင်း ကျပါသည်။

http://i1183.photobucket.com/albums/x474/konay1/general%204/e51b07c71be896b2c6020675d2df282c.jpg
မုန်တိုင်းကျသည့် ညများတွင် မြစ်ရဲ့ကောင်းကင်ထက်မှာ တစ်မိနစ်လျှင်
၂၈ ကြိမ်လောက် မိုးကြိုး ပစ်ပါသည်။တစ်ညကို အနည်းဆုံး
၁၀ နာရီခန့် ဖြစ်လေ့ရှိပြီး မိုးကြိုး အကြိမ်ရေ ထောင်ကျော်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/6a25c98feebcc6e3ff42446c2461a83c.jpg
တစ်နှစ်လုံး ပေါင်းလိုက်လျှင် အကြိမ်ရေ ၁.၂ သန်းခန့် ပုံမှန်
မိုးကြိုးဒဏ် ခံစားရလေ့ ရှိသဖြင့် ထိုဒေသကို ကမ္ဘာ့မိုးကြိုးအပစ်ဆုံး
ဒေသ အဖြစ် မှတ်တမ်းတင်ထားကြပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/2B587AA200000578-3197042-image-a-4_1439512176695.jpg
မိုးကြိုးပစ်၊ လျှစ်စီးလက်ပြီဆိုလျှင် မိုင်ပေါင်း ၂၅၀ (400 km ) အကွာမှ
ထင်ထင်ရှားရှား တွေ့မြင်ရပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891161835.jpg
ထိုဒေသတွင်လည်း တစ်ချို့သော နှစ်များတွင် ရာသီဥတု ပြောင်းလဲ
မှု ဖြစ်ပေါ်တတ်ပါသည်။ ဥပမာအားဖြင့် ၂၀၁၀ ခုနှစ် ၊ ဇန်န၀ါရီလ မှ
မတ်လ အတွင်းတွင် ထူးထူးခြားခြား မိုးခေါင်မှုမျိုး ဖြစ်ပေါ်ခဲ့ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891164511.jpg
ထိုနေရာတွင် မိုးကြိုးမုန်တိုင်းများ များစွာ ဖြစ်ပေါ်နေမှု မှာ ယခုမှ
မဟုတ်ပဲ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ ကပင် ဖြစ်တည်နေခြင်း
ဟု ဆိုကြပါသည်။ အစောဆုံး မှတ်တမ်းအဖြစ် ၁၅၉၇ ခုနှစ်တွင်
Lope de Vega ရေသားခဲ့သော epic ကဗျာ 'La Dragontea' တွင်
ကာတာတမ်ဘို မိုးကြိုး ၊ လျှပ်စီးများ အကြောင်းထည့်သွင်းရေးသားခဲ့ဖူးပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1472891156710.jpg
ဒီဒေသမှာ ဘာကြောင့်မိုးကြိုး ဒီလောက်ပစ်ရလဲဆိုတာကို
ရှင်းပြသော သီအိုရီများစွာရှိပေမယ့် တိကျခိုင်မာတဲ့ အဖြေတော့
ထွက်မလာသေးပါဘူး။ တစ်ချို့ကလည်း မြစ်ဝှမ်းဒေသမှာ
တိုက်ခတ်တဲ့လေပြင်းတွေဟာ
မြစ်အထက်မှာရှိတဲ့ အန်ဒင်းတောင်တန်းနဲ့သွားတွေ့တဲ့အခါ
အခုလိုမိုးကြိုးမုန်တိုင်းတွေဖြစ်လာစေတယ်လို့ ဆိုပါသည်။
တစ်ချို့ကလည်း နုန်းမြေများတဲ့ ဒီမြစ်ဟာ မီသိန်းဓါတ်ငွေ့တွေ
ထုတ်လွှတ်တာကြောင့်လို့ ဆိုပါသည်။ စသည်ဖြင့် ပညာရှင် အသီးသီးမှ
ထင်မြင်ယူဆချက်များ ပေးကြသော်လည်း တိကျသော အဖြေတော့ မရကြသေးပါ။
http://i1183.photobucket.com/albums/x474/konay1/general%204/JetMaracaibo3D.png
( မိုးကြိုးမုန်တိုင်း ကျရောက်စဉ် မိုးလေ၀သ အခြေအနေပုံ)
မိုးကြိုးတွေ ဒီလောက်ပစ်နေတာ သွားတဲ့လူ ရှိပါ့မလားဟု
ထင်ရသော်လည်း ထို ကာတာတမ်ဘို မိုးကြိုး၊လျှပ်စီး ဒေသသည်
ဗင်နီဇွဲလားနိုင်ငံ၏ အထိမ်းအမှတ်နေရာ တစ်ခုအဖြစ် တည်ရှိနေပြီး
မိုးကြိုးလျှပ်စီးများ များစွာ ဖြစ်ပေါ်နေခြင်းကို ကြည့်လိုကြသည့်
ကမ္ဘာလှည့်ခရီးသွားများ နှင့် ဓာတ်ပုံရိုက်လိုသူများအနေဖြင့်တော့
မဖြစ်မနေ သွားရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်နေပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/Catatumbolightning.jpg
ထို့ပြင် ဒေသခံ တံငါသည်များအတွက် ကတော့ ထိုသို့ မိုးကြိုးပစ်၊
လျှပ်စီးများ လက်နေခြင်းမှာ ပြဿနာ တစ်ခုမဟုတ်ပါ။
သူတို့အတွက်ကတော့ သဘာဝကပေးသော လက်ဆောင် တစ်ခု
အဖြစ် သတ်မှတ်ထားကြပါသည်။ အကြောင်းမှာ ထိုသို့
မိုးကြိုးပစ် ၊ လျှပ်စီးလက်နေခြင်းသည် တံငါသည်များအတွက်
သဘာဝ မီးပြတိုက်များ ဖြစ်ကာ ထိုလျှပ်စီး အလင်းရောင်ဖြင့်
သူတို့ လုပ်ငန်းတာဝန်များကို အစဉ်ပြေအောင် ဆောင်ရွက်နိုင်ကြ
သောကြောင့် ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/Lake_Maracaibo_map.png
( မိုးကြိုးများပစ်လေ့ရှိသော ဒေသမြေပုံ)

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...