Sunday, September 25, 2016

သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေသူ

http://i1183.photobucket.com/albums/x474/konay1/general%204/10413327_762870417089231_4914095920490297276_n.jpg
၁၀ စင်တီမီတာကျော် သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်း ဟာ အင်ဒိုနီးရှားမှာ သတင်းတစ်ခု ဖြစ်နေပါတယ်။
ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော်ရှိနေပြီး ဆရာဝန်တွေဟာလည်း လက်တွေ့ကျတဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ အရပ်ထဲမှာတော့ သူမဟာ ပြုစားခံရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။Noorsyaidah လို့ခေါ်တဲ့  ဒီအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်လောက်ကစပြီး ဒီလိုထူးခြားတဲ့ လက္ခဏ စပြလာတာလို့ ဆိုပါတယ်။ပထမစစခြင်း တစ်ပတ်မှာ သတ္တုအမျှင်တွေ ထွက်လာပြီး ပြန်ပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နောက်တစ်လအကြာမှာ ပြန်ထွက်လာပြီး ခုချိန်ထိ ရပ်မသွားတော့ပါဘူး။ဖြတ်လိုက်ရင် နောက် ဆုတ်သွားပြီး အခြားနေရာကနေ ပြန်ထွက်လာတတ်တယ်လို့ ဆိုပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ဒီလိုအမျှင်ပေါင်းများစွာရှိနေပြီး အချို့အမျှင်တွေက သူမရဲ့အသားတွေကို ဖောက်ထွက်နေတာ ဖြစ်ပါတယ်။ဒီအမျှင်တွေဟာ ရွေ့သွားတတ်ပြီး သူတို့ကြိုက်တဲ့ နေရာတွေမှာ နေနိုင်တယ်လို့ဆိုပါတယ်။
Noorsyaidah ရဲ့ပြောကြားချက်အရ ဒီသတ္တုမျှင်တွေဟာ အပ်နဲ့ထိုးသလို နာတတ်တယ်လို့ဆိုပါတယ်။
အောက်ကလင့်ခ်မှာ အင်ဒိုနီးရှားရုပ်သံ SCTV က သူမအကြောင်း သတင်းတင်ဆက်ထားတာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 
credit:Phothutaw

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...