Monday, September 19, 2016

(၂) နှစ်သား ကလေးငယ်က 999 ထံ ဖုန်းခေါ်ပြီး မိခင်၏ အသက်ကို ကယ်တင်

http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473673512974.jpg
ဗြိတိန်နိုင်ငံ၊ လီဆက်စတာရှိုင်းယားတွင် အသက် (၂) နှစ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက ရဲတပ်ဖွဲ့ထံ အရေးပေါ် ဖုန်းခေါ်ပြီး မိခင်ဖြစ်သူအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အိစ်မစ်ဒ်လန်း လူနာတင်ယာဉ် ဝန်ဆောင်မှု ဌာနက ရိုင်လီဝါ့ဒ်၏ သတင်းပေးမှုကြောင့် ၎င်း၏ မိခင်ကို အလျင်အမြန် သွားရောက် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရိုင်လီသည် မိခင်ဖြစ်သူ ရုတ်တရက် လဲကျသွားသည်ကို တွေ့ရှိပြီးနောက် 999 သို့ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်သည် မိခင်ဖြစ်သူ ဒါနာဟင်နရီ၏ အခြေအနေ ပုံမှန် မဟုတ်သည်ကို သိရှိခဲ့သည့်တိုင် ၎င်း၏ အတွေးအခေါ် စွမ်းရည်အရ မည်သို့ ဖြစ်သွားသည်ကို ရှင်းမပြတတ်ချေ။ ရဲများက ဖုန်းထဲမှတစ်ဆင့် မေးမြန်းသည့်အခါ ရိုင်လီက “မေမေ အိပ်ပျော်သွားတယ်” ဟုသာ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ ဆက်သွယ် သတင်းပေးမှုကြောင့် ဖုန်းခေါ်သည့် နေအိမ်သို့ လူနာတင်ယာဉ်က ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ ထို့နောက် ဒါနာကို ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရသည်။
ဒါနာသည် ဦးနှောက်တွင် သွေးခဲသွားခြင်း ဖြစ်ပြီး ယင်းကို ချက်ချင်းပင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။ ယခုအခါ ရဲတပ်ဖွဲ့က မိမိတို့ထံ ဖုန်းခေါ်ဆိုဖူးသည့် အသက်အငယ်ဆုံး ပုဂ္ဂိုလ်လေးကို ၎င်း၏ ရဲရင့်တည်ငြိမ်မှုအတွက် ဂုဏ်ပြုဆုတံဆိပ်လေးတစ်ခု လက်ဆောင်ပေး အပ်နှင်းခဲ့သည်။ အသက် (၂၇) နှစ်ရှိ ဒါနာသည် အခြေအနေ တိုးတက် သက်သာလာနေပြီး သူမ၏ သားကို “မေမေ့ သူရဲကောင်းလေး” ဟု ညွှန်းဆို ခေါ်ဝေါ်နေသည်။ ဒါနာနှင့် သူမ၏ ချစ်သူ ရော့ဘ်ဝါ့ဒ်တို့သည် ကလေးများကို ငယ်စဉ်ကတည်းက အရေးပေါ် အခြေအနေတွင် ဖုန်းခေါ်ဆိုတတ်ရန် သင်ကြားပေးထားကြောင်းလည်း သိရှိရသည်။
Credit:Planet

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...