Tuesday, February 7, 2017

အသက် (၄၈) နှစ်ရှိနေပေမယ့် နုပျိုလှပ နေဆဲ ဖြစ်တဲ့ ကာယဗလမယ်


အမျိုးသမီး  အများစုဟာ  အသက် (၄၈) နှစ်အရွယ် ရောက်ရှိနေပြဆိုရင် အားငယ်တဲ့ စိတ်ဝင်လာတတ် ပါတယ်။ အဓိက ကတော့ အသက်ကြီး သွားပြီဆိုတဲ့ စိတ်ခံစားမှု ဖြစ်သွား တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့ အမျိုးသမီးတွေ ကတော့ အသက်ကြီးမှ ပိုချော၊ ပိုခန့်လာတတ် ပါတယ်။ ဒီလို အသက်ကြီးမှ ပိုလှလာတဲ့ သူတွေထဲမှာ ဂျပန်နိုင်ငံက ကာယဗလမယ် တိုမိုကိုကန်ဒါလည်း တစ်ဦး အပါအ၀င် ဖြစ်ပါတယ်။ တိုမိုကိုကန်ဒါဟာ အသက် (၄၈) နှစ်ရှိသွားပြီ ဖြစ်ပေမယ့် နုပျို လန်းဆန်းနေဆဲ ဖြစ်ပါတယ်။ ကာယဗလမယ် တစ်ယောက်ဖြစ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ တိုမိုကိုကန်ဒါဟာ အမျိုးသမီး တစ်ဦး ပီသအောင် နေထိုင်နိုင်ခဲ့ပါတယ်။ ကာယဗလမယ် ဖြစ်တာကြောင့် ကိုယ်န္ဓာမှာ ကြွက်သားတွေ အများအပြားရှိ နေပေမယ့် မျက်နှာ အသွင်အပြင်က စွဲမက်စရာ ဖြစ်ပြီး၊ အသက် (၄၈)နှစ်ပြည့် သွားသည့်တိုင် အလှတရားကို ထိန်ထားနိုင်ဆဲ ဖြစ်ပါ တယ်။

                တိုမိုကိုကန်ဒါဟာ အိုဆာကာမြို့မှာ ရှိတဲ့ စစ်အခြေစိုက် စခန်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ ငယ်စဉ်က အ၀လွန်သူ ဖြစ်ခဲ့ပြီး စစ်သား တစ်ဦးက ကာယ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ ပါတယ်။ အသက် (၂၃) နှစ်အရွယ်မှာ ကာယ လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ ပါတယ်။ အစောပိုင်းမှာ ကာယဗလမယ် ပြိုင်ပွဲတွေ ၀င်ရောက် ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားခဲ့ခြင်း မရှိပါဘူး။ ဒီနောက် တိုက်တွန်း တောင်းဆိုမှုတွေကြောင့် ကာယဗလမယ် ပြိုင်ပွဲတွေ ၀င်ရောက် ယှဉ်ပြိုင် ဖြစ်ခဲ့ပါ တယ်။ တိုမိုကိုကန်ဒါဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ယူနိုင်ခဲ့ တာကြောင့် နောက်ပိုင်းမှာ ပရော်ဖက်ရှင်နယ် ကာယဗလမယ် အဖြစ် ရောက်လာခဲ့ ပါတယ်။ အောင်မြင်သူ ဖြစ်လာတာနဲ့အမျှ ကိုယ်ခန္ဓာကို ထိန်းသိမ်းခဲ့ ရပါတယ်။ အ၀လွန်မယ့် အစာတွေ ရှောင်ခဲ့ရ ပါတယ်။ တိုမိုကိုကန်ဒါဟာ နေ့စဉ် လေကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ကြွက်သားကြီးတဲ့ လေ့ကျင့်ခန်းတွေ ကိုတော့ အကန့်အသတ်နဲ့သာ ပြုလုပ်ခဲ့ ပါတယ်။ တိုမိုကိုကန်ဒါက ကာယဗလမယ် ဖြစ်လာ ပြီးနောက် ယုံကြည်မှုတွေ တိုးပွားလာစေတယ်လို့ ဆိုခဲ့ပါတယ်။
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...