Tuesday, February 7, 2017

အမြွှာ ညီအစ်မလို့ ပြောရင် ဘယ်သူ ယုံကြမလဲ


အမြွှာ ဆိုတာ အလွန်ခွဲခြားရ ခက်တယ် ဆိုတဲ့ စကားလုံးဟာ လူစီနဲ့ မာရီယာ အတွက်တော့ ဖြစ်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူစီနဲ့ မာရီယာ အမြွှာ ညီအစ်မဟာ တစ်ဦးနဲ့ တစ်ဦး လုံးဝ တူညီခြင်း မရှိလို့ ဖြစ်ပါ တယ်။ လူစီနဲ့ မာရီယာတို့ဟာ အမြွှာ ညီအစ်မ တွေဖြစ်ကြ ပေမယ့် ဆံပင် အရောင် ပုံစံက အစ အစစအရာရာ လုံးဝ တူညီခဲ့ခြင်း မရှိပါဘူး။ အင်္ဂလန်နိုင်ငံ၊ ဂလိုချက်စတာမြို့ မှာ နေထိုင်ကြတဲ့ လူစီနဲ့ မာရီယာတို့ အမြွှာ ညီအစ်မဟာ မတူညီတဲ့ ပုံစံကြောင့် စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ သူတို့တွေရဲ့ ဆံပင်ပုံစံ ကလည်း ထူးခြားနေ ပါတယ်။ တစ်ဦးက ရွှေအိုရောင် ဆံပင် ဖြစ်နေပေမယ့် တစ်ဦးကတော့ အနက်ရောင် ဆံပင် ဖြစ်နေပါတယ်။ ဒါ့အပြင်  အသားအရေ နဲ့ မျက်နှာ သွင်ပြင်တွေ ကလည်း တူညီခြင်း မရှိပါဘူး။
                လူစီနဲ့ မာရီယာတို့ရဲ့ မိခင်ဖြစ်သူဟာ ဂျမေကာနိုင်ငံသူ တစ်ဝက်သွေးပါပြီး ဖခင် ကတော့ လူဖြူတစ်ဦး ဖြစ်ပါတယ်။ လူစီနဲ့ မာရီယာတို့ရဲ့ မတူညီရခြင်း အကြောင်းအရင်းဟာ ဖခင်နဲ့ မိခင်တို့ရဲ့ တူညီမှု မရှိတဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂျမေကာ နိုင်ငံသား သွေးနှော တာမို့ အသား အရေပိုင်းတွေမှာ ကွဲပြား ခြားနားမှုတွေ ဖြစ်ခဲ့တာပါ။ လူစီနဲ့ မာရီယာတို့ရဲ့ မိခင် ဖြစ်သူ ဒွန်နာက မတူညီတဲ့ အမြွှာကို မွေးဖွားလာခဲ့တာမို့ အလွန်အံ့အား သင့်မိကြောင်း ပြောကြားသွားခဲ့ ပါတယ်။ လူစီနဲ့ မာရီယာတို့ကို ၁၉၉၇ မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ လူစီနဲ့ မာရီယာတို့ဟာ အမြွှာတွေ ဖြစ်ကြတယ်ဆိုတာ ပတ်ဝန်းကျင်က လူတွေ ယုံကြည်မှု မရှိခဲ့ပါ ဘူး။ ကျောင်းမှာ ပညာသင်ယူတဲ့ အခါမှာလည်း သက်သေခံ ကတ်ပြား ထုတ်ပြမှသာ အမြွှာတွေ အဖြစ်အသိအမှတ်ပြုခဲ့ ကြတာ ဖြစ်ပါတယ်။ လူစီနဲ့ မာရီယာတို့ဟာ ပုံစံသာ မတူရုံ သာမက ပညာ သင်ကြားရာမှာလည်း တူညီခဲ့ခြင်း မရှိပါဘူး။ လူစီက ဒီဇိုင်းပညာရပ်ကို စိတ်ဝင်စားပေမယ့် မာရီယာ ကတော့ ဥပဒေ ပညာရပ်ကိုပဲ စိတ်ဝင်စားမှု ရှိပါတယ်။ လူစီနဲ့ မာရီယာတို့မှာ အခြား မောင်နှမ သုံးဦး ရှိပြီး သူတို့တတွေရဲ့ အသားအရေ ကလည်း တစ်ဦးနဲ့တစ်ဦး ကွဲပြားမှုရှိနေ တယ်လို့ သိရပါတယ်။
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...