Tuesday, February 7, 2017

အော်စကာဆု ရုပ်တုကို ဘယ်လိုပြုလုပ်သလဲ


ဒီဆုပေးပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ် မှာ ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အော်စကာဆုတွေကို ပေးအပ်နိုင်ဖို့ နောက်ကွယ် ကနေ ပံ့ပိုးပေးနေရသူတွေ အများအပြား ရှိပါတယ်။ အထူးသဖြင့် အော်စကာဆုပေးပွဲမှာ ပေးအပ်တဲ့ ဆုရုပ်တုနဲ့ ပတ်သက်ပြီး ဘယ်လိုပြုလုပ်သလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။  အော်စကာဆုပေးပွဲမှာချီးမြှင့်တဲ့ ဆုတွေကို ၁၉၂၈ မှာ ဒီဇိုင်းစတင် ပြုလုပ်ခဲ့ပါတယ်။ အခု ဆုပေးပွဲမှာ ပေးအပ်တဲ့ဆုတွေ ကိုတော့ အမေရိကန် ပြည်ထောင်စုရှိ ချီကာဂို မြို့မှာ အခြေစိုက်တဲ့ R S Owens  ကုမ္ပဏီက ပြုလုပ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အော်စကာ ဆုပေးပွဲ သက်တမ်း တစ်လျှောက် ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဆုရုပ်တု အရေအတွက် ကတော့ (၃၀၀၀) နီးပါးရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။ R S Owens ကုမ္ပဏီက အော်စကာဆု ရုပ်တုတွေကို ၁၉၈၃ ကတည်းက စတင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

                ဒီရုပ်တုတွေဟာ (၁၃ ဒသမ ၅) လက်မမြင့်ပြီး အလေးချိန် ကတော့ (၈ ဒသမ ၅) ပေါင်ရှိပါတယ်။ ဒီရုပ်တုကို ပြုလုပ်ရာမှာ ကြေး၊ နီကယ်၊ ငွေ၊ အလွိုင်း စတဲ့ ဓာတ်သတ္တုတွေကို ပေါင်းစပ်ပြီး (၂၄) ကာရက်ရှိတဲ့ ရွှေအစစ်နဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ရုပ်တု တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ (၉၀၀) ၀န်းကျင် လောက်သာ ရှိပေမယ့် အော်စကာဆု ဖြစ်တာကြောင့် အမြတ်တနိုး တန်ဖိုးထားလေ့ ရှိကြ ပါတယ်။ အပူချိန် (၅၇၀) ဒီဂရီဖာရင်ဟိုက်ရှိတဲ့ အနေ အထားမှာ ဓာတ်သတ္တုတွေကို ပုံစံခွက်ထဲ လောင်းထည့်ပြီး ရုပ်တုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။  ပုံစံခွက် ကိုလည်း တစ်ခုတည်းသာ ပြုလုပ်ထားလေ့ ရှိပါတယ်။ အော်စကာဆုပေး ပွဲတွေမှာ ပေးအပ်နိုင်ဖို့ ရုပ်တုတွေကို ပြုလုပ်ရာမှာ (၁၀) ရက်အထိ အချိန်ယူ ရတယ်လို့ ဆိုပါတယ်။ ၁၉၃၉မှာ လေရူးသုန်သုန် ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့တဲ့ ရုပ်တုကို ၁၉၉၉ မှာ မိုက်ကယ် ဂျက်ဆင်က ဒေါ်လာ(၁ ဒသမ ၅) သန်းနဲ့ ၀ယ်ယူခဲ့ဖူး ပါတယ်။
Credit : messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...