တံတားတစ်ခုလုံးကို ကျောက်တုံးကြီးများဖြင့် ရှည်လျားစွာ
တည်ဆောက်ထားသော တံတားတစ်စင်းသည် တရုတ်နိုင်ငံ ၊
Fujian ပြည်နယ်တွင် တည်ရှိပါသည်။ ၁၂ ရာစုလက်ရာ
ရှေးဟောင်းကျောက်တံတားကြီး ဖြစ်ပြီး ရေပြင်အလယ်ကို
ဖြတ်သန်းကာ တည်ရှိနေပါသည်။
တည်ဆောက်ထားသော တံတားတစ်စင်းသည် တရုတ်နိုင်ငံ ၊
Fujian ပြည်နယ်တွင် တည်ရှိပါသည်။ ၁၂ ရာစုလက်ရာ
ရှေးဟောင်းကျောက်တံတားကြီး ဖြစ်ပြီး ရေပြင်အလယ်ကို
ဖြတ်သန်းကာ တည်ရှိနေပါသည်။

Jinjiang မြို့ နှင့် Nan’an မြို့တို့ကို ဆက်သွယ်ပေးထားသည့်
ကျောက်တံတားဖြစ်သည်။ တောင်ဘက်ပိုင်း Song မင်းဆက်
လက်ထက် ၁၁၃၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး
၁၄ နှစ်ကြာ တည်ဆောက်ခဲ့ရပါသည်။

Anping တံတားဟု အမည်ရှိသော်လည်း အများကတော့
သူရဲ့အတိုင်းအတာအရှည်ကို အစွဲပြုပြီး Wuli တံတားဟု သိကြ
ပါသည်။

၁.၂၉ မိုင်ရှည်လျားသည့် တံတားကြီးပါ။ ထိုတံတားကြီးကို
ကျောက်တုံး ၊ ကျောက်တိုင်ကြီးများဖြင့် အဆင့်ဆင့် တည်ဆောက်
ထားသည့် ရှေးလက်ရာ တံတားကြီးပါ။ ယခုအချိန်အထိလည်း
အသုံးပြုနိုင်စဲ ဖြစ်ပါသည်။

Anping ကျောက်တံတားကြီးသည် အလယ်ခေတ်လက်ရာ
တံတားတစ်စင်းဖြစ်သလို ကမ္ဘာပေါ်တွင် ကျောက်တုံး ၊
ကျောက်သားများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းတံတား
များတွင် အရှည်ဆုံးလည်း ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။