Wednesday, December 30, 2015

ကမ္ဘာ့အကြီးဆုံး ကန္တာရကြီးများ

ကမ္ဘာ့အကြီးဆုံး ကန္တာရများအကြောင်းကို တင်ပြပေးချင်ပါသည်။
ကန္တာရဆိုလျှင် သဲပြင် အတိပြီးသော သဲကန္တာရများကိုသာ မြင်ယောင်တတ်ကြပါသည်။
သို့ပေမယ့် ကန္တာရဆိုသည်မှာ တစ်နှစ်လျှင် မိုးရေ(သို့) ဆီးနှင်းများ ကျရောက်မှု
၁၀ လက်မ (254 millimeters) ထက်နည်းပြီး ကျရောက်ရာဒေသတွေကို ဆိုလိုပါသည်။
ထို့နောက် ကန္တာရ (Desert) အတွင်းတွင် အပင်နှင့် တိရိစ္ဆာန်များ မရှိသလောက် နည်းပါးကြပါသည်။
ထို့ကြောင့် ကမ္ဘာ့အကြီးဆုံးကန္တာရ များအကြောင်းရေးလျှင် သဲကန္တာရ များသာမက
ကန္တာရ အင်္ဂါရပ်နှင့်ညီသော ရေခဲပြင် ကန္တာရကိုပါ ထည့်သွင်းတတ်ကြပါသည်။
(၁) မှ (၁၀) အထိ စုစည်းတင်ပြပေးလိုက်ပါသည်။
( ၁ ) အန္တာတိက (Antarctica )
Antarctica 6 900x450
ကမ္ဘာတောင်ဝင်ရိုးစွန်းတွင် တည်ရှိသော အန္တာတိက ဒေသသည် ကမ္ဘာ့အကြီးဆုံး
ကန္တာရ အဖြစ် မှတ်တမ်းတင်ထားကြပါသည်။Cold Winter အမျိုးအစား ကန္တာရတစ်ခု
ဖြစ်သည်နှင့်အညီ ရေခဲပြင်များသာ ဖုံးအုပ်နေကြပါသည်။ ကန္တာရတစ်ခု အဓိပ္ပါယ်သတ်မှတ်ချက်
များနှင့်လည်းကိုက်ညီမှု ရှိပါသည်။ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ဆီးနှင်းများ 2 လက်မ (50 millimeters)
ထက်နည်းပြီးတော့ ကျဆင်းပါသည်။ ကျယ်ပြောလှသော ရေခဲပြင်များက ၉၉ ရာခိုင်နှုန်းလောက်
ဖုံးအုပ်နေပါသည်။ 14,000,000 square kilometers  (သို့) 5,400,000 စတုရန်းမိုင် ကျယ်ပါသည်။
2 537px Antarctica (orthographic projection) svg

( ၂ ) ဆဟားရ သဲကန္တာရ Sahara Desert
shutterstock 93404287
ဆဟားရ သဲကန္တာရသည် သဲကန္တာရ အမျိုးအစားများတွင်တော့ ကမ္ဘာ့အကြီးဆုံး သဲကန္တာရ
အဖြစ်သတ်မှတ်ကြပါသည်။ အာဖရိက မြောက်ပိုင်းတွင် တည်ရှိပြီး အလွန်ပူပြင်းခြောက်သွေ့သော
ဒေသတစ်ခုဖြစ်ပါသည်။ Algeria, Chad, Egypt, Eritrea, Libya, Mali, Mauritania, Morocco, Niger, Sudan, Tunisia and Western Sahara  နိုင်ငံတို့နှင့် ဆက်စပ်နေပါသည်။ 9,000,000 square kilometers
(သို့) 3,300,000 စတုရန်းမိုင် ကျယ်ဝန်းပါသည်။အတွင်းပိုင်း၌ ပေ ၇၀၀၀ မှ ၉၀၀၀ အထိမြင့်သော
ကုန်းမြေမြင့်များရှိပါသည်။ ထိုကန္တာရကြီး၏ အကျယ်အ၀န်းသည် ဥရောပတိုက်နီးပါးမျှ
ကျယ်ဝန်းပါသည်။
1024px Libya 4985 Tadrart Acacus Luca Galuzzi 20

( ၃ ) အာရေဗျ သဲကန္တာရ (Arabian Desert )
3 6a00d8341bf7f753ef0168eafb3053970c 500wi
ဒီသဲကန္တာရကြီးသည် အာရှတိုက် အနောက်ဖျားတွင် တည်ရှိပြီး (Iraq, Jordan, Kuwait, Oman, Qatar, Saudi Arabia, United Arab Emirates and Yemen) နိုင်ငံတို့နှင့် ဆက်စပ်နေပါသည်။
2,330,000 square kilometers  (သို့) 900,000 စတုရန်းမိုင် ကျယ်ဝန်းပါသည်။
129ံF (54ံC) အထိ ပူပြင်းပါသည်။
3 Arabian Desert 600x600

( ၄ ) ဂိုဘီ (Gobi Desert )
4 gobi desert mongolia 284sy1j
အာရှ အလယ်ပိုင်းတွင် တည်ရှိပြီး တရုတ်နိုင်ငံ နှင့် မွန်ဂိုလီးယားနိုင်ငံတို့ ပိုင်ဆိုင်မှု
အတွင်းတွင် တည်ရှိပါသည်။ 1,000,000 square kilometers  (သို့) 500,000 စတုရန်းမိုင် ကျယ်ပါသည်။
မိုးရေချိန် တစ်နှစ်လျှင် ပျမ်းမျှ 2 to 8 လက်မသာ ရွာပါသည်။
4 800px Khongoryn Els sand dunes

( ၅ ) ကာလာဟာရီ သဲကန္တာရ (Kalahari Desert )
5 Kalahari desert 001
အာဖရိက တောင်ပိုင်းတွင် တည်ရှိပြီး (Angola, Botswana, Namibia and South Africa) နိုင်ငံတို့နှင့် ဆက်စပ်နေပါသည်။ 900,000 square kilometers (သို့) 360,000 စတုရန်းမိုင် ကျယ်ဝန်းပါသည်။
5 Kalahari E02 00

( ၆ ) ဂရိတ်ဗစ်တိုးရီးယား (Great Victoria Dese)
6 300px Great Victoria Desert2
သြော်စတြေးလီးယား တိုက် တွင် တည်ရှိပါသည်။ 647,000 square kilometers (သို့)
220,000 စတုရန်းမိုင် ကျယ်ပါသည်။
6 800px IBRA 6 1 Great Victoria Desert

( ၇ ) Patagonian Desert
7 patagonia ujrw3 t0
တောင် အမေရိကတိုက်တွင် တည်ရှိပြီး (Argentina and Chile)  နိုင်ငံတို့နှင့် ဆက်စပ်နေပါသည်။
620,000 square kilometers (သို့) 200,000 စတုရန်းမိုင် ကျယ်ဝန်းပါသည်။
တစ်ချို့မှတ်တမ်းများတွင် အမှတ်စဉ် ၆ နှင့် ၇ သည် ပြောင်းပြန်ဖြစ်နေပါသည်။
အကျယ်အ၀န်းသတ်မှတ်တိုင်းထွာမှုများ ကွဲလွဲမှု ရှိပါသည်။ နေခရမ်းကတော့
WIKI မှတ်တမ်းအတိုင်းသာ တင်ပြပေးထားပါသည်။
7 Patagonian

( ၈ ) ဆီးရီးယန်း သဲကန္တာရ (Syrian Desert )
8 800px Syrian Desert (5079756828)
အာရှတိုက် အနောက်ပိုင်းတွင် တည်ရှိပြီး အီရတ် ၊ ဂျော်ဒန် နှင့် ဆီးရီးယား နိုင်ငံတို့နှင့်
ဆက်စပ်နေပါသည်။ 520,000 square kilometers ကျယ်ဝန်းပါသည်။
တစ်နှစ်လျှင်ပျမ်းမျှ မိုးရေချိန် 5 လက်မ (125 mm)  သာ ရွာသွန်းပါသည်။
8 800px Syrian Desert (5079766124)

( ၉ ) Great Basin Desert
9 walls of great basin
အမေရိကန်နိုင်ငံ တွင် တည်ရှိပြီး Cold Winter အမျိုးအစား ကန္တာရဖြစ်ပါသည်။
190,000 စတုရန်းမိုင် (492,000 square km)   ကျယ်ဝန်းပါသည်။
9 g basin

( ၁၀ ) Chihuahuan Desert
10 Chihuahuan Desert
မြောက်အမေရိကတိုက် တွင် တည်ရှိပြီး အမေရိကန် နှင့် မက္ကဆီကို နိုင်ငံတို့နှင့်
ဆက်စပ်နေပါသည်။ 450,000 square kilometers (သို့) 175,000 စတုရန်းမိုင် ကျယ်ဝန်းပါသည်။
ဒီ သဲကန္တာရကြီးတွင် လှိုဏ်ဂူများ များစွာတည်ရှိပါသည်။
10 bbnp34




819px Deserts
ဒီပုံကတော့ ကမ္ဘာတစ်လွှားတွင် ကန္တာရကြီးများ တည်ရှိရာ မြေပုံပါ။
ကမ္ဘာ့အကြီးဆုံး ကန္တာရများအကြောင်း ကိုတော့ တင်ပြပေးပြီးပါပြီ။ နောက်ထပ်လည်း
လှပပြီး တစ်မူထူးခြားနေတဲ့ သဲကန္တာရများအကြောင်းကို ရှာဖွေပြီးလျှင်တင်ပြပေးပါအုံးမည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ......................နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...