(၁) Salar de Uyuni

ပုံကိုကြည့်လျှင် သာမာန်ရေခဲပြင်ကြီး တစ်ခုလို့ ထင်စရာပါ။
သို့သော် ထိုနေရာသည် ကမ္ဘာ့အကြီးဆုံး ဆား မျက်နှာပြင်ကြီးဖြစ်ပါသည်။
ဘိုလီဗီးယားနိုင်ငံ ၏အနောက်တောင်ဘက်တွင် တည်ရှိပြီး ၄၀၈၆ စတုရန်းမိုင်
ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၅၆ မီတာ(၁၁၉၉၅ ပေ)
အမြင့်မှာ တည်ရှိပါသည်။
(၂) Los Glaciares

အာဂျင်တီးနားနိုင်ငံ၏ အနောက်တောင်ဘက်တွင် ရှိပြီးချီလီနိုင်ငံနှင့် နယ်နမိတ်ချင်း
ဆက်စပ်နေပါသည်။ ၂၈၀၇ စတုရန်းမိုင် ကျယ်ဝန်းသော ဒီတောင်တန်းဒေသကို
အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ထားပါသည်။ လှပသော ရေခဲနေသော
အစိတ်အပိုင်းများစွာပါဝင်ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်
သတ်မှတ်ထားပါသည်။
(၃) Antelope Canyon

အရီဇိုးနားပြည်နယ်မှာ တည်ရှိတဲ့ လှပကျော်ကြားသော ချောက်ကမ်းပါး
တစ်ခုဖြစ်ပါသည်။ ၁၂၀ ပေ ( ၃၇ မီတာ) အထိ နက်ပါသည်။

(၄) Blue Lagoon

အပြာရောင် ပင်လယ်ထုံးအိုင်များတည်ရှိရာ ဒီနေရာသည် အိုက်ကလန်
မှာပါ။
(၅) Hampi

အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်မှာတည်ရှိတဲ့ ရှေးဟောင်းမြို့တော်တစ်ခုပါ။
၁၄ ရာစုနှစ်တကည်းက တည်ထောင်ခဲ့ပါသည်။ ယခုအခါတွင် ရှေးဟောင်း
အဆောက်အဦးများ ၊ အပျက်အစီးများနှင့်အတူ လှပသော သဘာဝ ရှုခင်းများ
ပါတည်ရှိလေ့လာနိုင်ပါသည်။ ၁၀ စတုရန်းမိုင် အကျယ်အ၀န်းရှိသော ဒီဒေသသည်
ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ထားပါသည်။
(၆) Antarctica,Southern Ocean

ရေခဲပြင်များနှင့် သဘာဝအတိုင်းလှပနေသော အန္တာတိက ဒေသ၏ အလှကလည်း
မရိုးနိုင်ပါ။

(၇) Yangshuo,China

တရုတ်နိုင်ငံ တောင်ဘက်ပိုင်းတွင် တည်ရှိတဲ့ ဒီ Yangshuo ဒေသ၏
မြစ်ပြင်နှင့် သဘာဝအလှအပများသည် ကမ္ဘာ့ အလှဆုံးနေရာများတွင်
ပါဝင်ပါသည်။
(၈) Yosemite,USA

အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် တွင် တည်ရှိတဲ့ Yosemite တောင်ကြား
ချိုင့်ဝှမ်းဒေသသည် ကမ္ဘာ့ အလှဆုံးစာရင်းဝင် နေရာတစ်ခုဖြစ်ပါသည်။
၁၁၆၈.၆၈၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာဒေသ
တစ်ခုဖြစ်ပါသည်။
(၉) Cave of the Crystals

ဒီနာမည်ကျော် သလင်းကျောက်ဂူကြီးကတော့ မက္ကဆီကိုနီုင်ငံ ၊ Naica ဒေသ
အနီးတွင် မြေပြင်အောက် ပေ ၁၀၀ခန့်မှာ တည်ရှိနေပါသည်။သဘာဝအတိုင်း
ဖြစ်တည်နေသော ကြီးမားလှသည့် Crystals အချောင်းကြီးများကို တွေ့မြင်
ရမှာပါ။

(၁၀) Galapagos Islands

ပစိဖိတ် သမုဒ္ဒရာအတွင်း အီကွေဒေါ နိုင်ငံပိုင်နက်အတွင်းမှာ တည်ရှိသည့်
ကျွန်းစုများဖြစ်ပါသည်။အဒိကကျွန်း ၁၈ ခုပါဝင်သည်။ ပုံတွင်ပြထားသော
San critobal ကျွန်းသည် အရှေ့ဘက်ဆုံးတွင် တည်ရှိနေပြီး သက်တမ်း
အရှည်ဆုံးလည်းဖြစ်ပါသည်။ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသ တစ်ခုအဖြစ်
ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။
![bainbridge rocks 2[2]](http://s19.postimg.org/ivskk2qkz/bainbridge_rocks_2_2.jpg)
နောက်ထပ်အပိုင်းများတွင်လည်း ကမ္ဘာ့အလှပဆုံးနှင့် ဆန်းကြယ်သော နေရာ
ဒေသများကို ဆက်လက်တင်ပေးပါအုံးမည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ......နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။