Sunday, December 13, 2015

ဒဏ္ဍာရီလာ သတ္တ၀ါဆန်းလား...Montauk Monster

http://i.imgsafe.org/e61e5a5.jpg
၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်း၌ အမေရိကန်နိုင်ငံ မွန်းတောက်ခရိုင်(Montauk)
အတွင်း ကမ်းခြေပေါ်တွင် အမျိုးအမည်မသိသော သတ္တ၀ါဆန်းတစ်ကောင်
လာရောက်သောင်တင်နေပါသည်။ ပထမဆုံး စတင်တွေ့ရှိခဲ့သူများမှာ
Montauk မြို့မှ အသက် ၂၆ နှစ်အရွယ် Jenna Hewitt နှင့် သူငယ်ချင်းသုံးယောက်
ကမ်းခြေတွင် လမ်းလျောက်နေရင်း အမှတ်မထင်တွေ့ရှိခဲ့ကြတာပါ။
ထိုသတ္တ၀ါသည် ပုံပါအတိုင်း ခွေးကဲ့သို့ခန္ဓာကိုယ် ရှိနေပြီး ခေါင်းပိုင်းကတော့
ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပါသည်။ မည်သည့်သတ္တ၀ါဟု အမျိုးအမည်မသိ
သဖြင့် မွန်းတောက် မွန်းစတား ( Montauk Monster )ဟုသာ သတင်းစာစောင်
များတွင် ပါလာပါသည်။
http://i.imgsafe.org/b8dffef.jpg
ထို သတ္တ၀ါကို အချို့ယုံကြည်သူများက ဒဏ္ဍာရီထဲတွင် ရှိသော သတ္တ၀ါ တစ်ကောင်ကောင်
သာဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ကမ္ဘာ့ဒေသအသီးသီးတွင် ထိုကဲ့သို့
တိရစ္ဆာန် နှစ်မျိုး သုံးမျိုး စသည်ဖြင့် ပေါင်းစပ်ထားသော ဒဏ္ဍာရီလာသတ္တ၀ါများ
များစွာရှိကြပါသည်။ မြန်မာပြည်တွင်လည်း တိုးနယား၊ ဂဠုန်၊ မနုသီဟ ကဲ့သို့
ပေါင်းစပ်ထားသော အရာများရှိပါသည်။ ထိုကဲ့သို့ ကမ္ဘာအရပ်ရပ်တွင်လည်း
ထူးဆန်းစွာပေါင်းစပ်ထားသော ဒဏ္ဍာရီလာသတ္တ၀ါများ များစွာရှိကြပါသည်။
ယခုမွန်းတောက် မွန်းစတားနှင့် ပုံသဏ္ဍာန်ဆင်သော ရုပ်ထုတစ်ခုကို
အီရန်နိုင်ငံ တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ထုလုပ်ခဲ့သော
ရုပ်ထုတစ်ခုတွင် တွေ့ရှိရပါသည်။
http://i.imgsafe.org/b1b9d7e.jpg
သို့သော် ကျွမ်းကျင်သူ ပညာရှင်များကတော့ လေ့လာစစ်ဆေးပြီးနောက်တွင်
ထိုသတ္တ၀ါသည် ခေတ်ပေါ်သိပ္ပံပညာဖြင့် မျိုးဗီဇ ပေါင်းစပ်သော နည်းပညာဖြင့်
ဖန်တီးထားတာဟု ယုံကြည်ကြပါသည်။ ထိုဖြစ်ရပ်ကို ကြည့်ပြီး မတူညီသော
သတ္တ၀ါများကို ပေါင်းစပ်ကာ သတ္တ၀ါဆန်းများဖန်တီးအောင်မြင်နေသူများ
ဓာတ်ခွဲခန်းတစ်ခုခု ရှိနေပြီဟု ဆိုကြပါသည်။ သို့သော် မည်သည့် ဓာတ်ခွဲဆန်းသပ်ခန်း
က လုပ်နေသည်ဆိုသည်ကိုတော့ မဖော်ထုတ်နိုင်ပါ။
ဒီ သတ္တ၀ါဆန်းသတင်းသည် ထိုတစ်ကြိမ်နှင့်မပြီးသေးပါ။
ထိုကဲ့သို့ တူညီသော ပုံစံမျာဲးဖင့် တွေ့ရှိရမှုများ ဆက်ကာ ဖြစ်ပေါ်လာပါသေးသည်။
မတ်လ ၃၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးရောက်မြို့ ၊ Northville တွင် တစ်ခါ၊
၂၀၁၂ ခုနှစ် ဇူလိုင်လတွင် နယူးရောက်မြို့ ၊ East River ပေါ်ရှိ Brooklyn တံတားအနီး
တွင် တွေ့ရှိရသော East River မွန်းစတား နှင့်
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း ၌ ကာလီဖိုးနီးယားပြည်နယ် Santa Barbara တွင်
တစ်ခါ စသည်ဖြင့် ထပ်မံတွေ့ရှိခဲ့ရပါသေးသည်။
သိပ္ပံပညာဖြင့် ပေါင်းစပ်ထားသည် ဖြစ်စေ၊ မှတ်တမ်းမတင်ရသေးသော သတ္တ၀ါ
ဆန်းတစ်ကောင် ဖြစ်စေ ကိုယ့်ယုံကြည်ရာ ဖြင့်ကိုယ် ဆက်လက်ပြီး အငြင်းပွားနေသော
သတ္တ၀ါဆ်းအဖြစ် တည်ရှိနေအုံးမည်ဖြစ်ပါသည်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ......နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...