Tuesday, December 22, 2015

နှစ်သစ်ကူးနေ့ သတ်မှတ်ခဲ့ပုံများ

new year
ကမ္ဘာတစ်ဝန်းဒေသ အသီးသီးတွင် နှစ်သစ်ကူးနေ့ကို ပျော်ရွှင်စွာ ကျင်းပတတ်ကြပါသည်။
အထူးသဖြင့် အနောက်နိုင်ငံများတွင် ဇန်န၀ါရီ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ်
ကျင်းပကြပြီး ယခုအခါတွင် ထိုအလေ့အထသည် ကမ္ဘာတ၀န်းလုံးမှ လက်ခံကျင်းပ
နေကြပါသည်။ သို့သော် ထိုအနောက်နိုင်ငံများတွင်ပင် မူလက ဇန်န၀ါရီလ ၁ ရက်နေ့
တွင် ကျင်းပခြင်းမဟုတ်ပဲ နောက်ပိုင်းကျမှ ပြောင်းလဲကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် လူမျိုးအလိုက်၊ဘာသာအလိုက် ကိုယ့်မူဖြင့်ကိုယ် နှစ်များကို ရေတွက်
မှတ်သားခြင်း အလေ့သည် လူ့ယဉ်ကျေးမှု ထွန်းကားလာချိန်တကည်းက ရှိခဲ့ကြပါသည်။
နှစ်တစ်နှစ် ကုန်ဆုံးပြီးနောက်တစ်နှစ်၏ အဦးအစရက်တွင် နှစ်သစ်ကူးပွဲကျင်းပလေ့
ရှိကြမည်ဟု ခန့်မှန်းကြသော်လည်း မည်သည့်အချိန်မှ စတင်၍ ကျင်းပခဲ့ကြောင်းတော့
အတိအကျ မသိရှိရပါ။
list 5 ancinet new year wepet renpet 152203454 E
သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေလျှံသည့်
ဇွန်လလယ်မှ နေ့တစ်ရက် ကို နှစ်သစ်စတင်သည့်နေ့ (နှစ်ဆန်းတစ်ရက်နေ့) အဖြစ်
သတ်မှတ်ခဲ့ကြပါသည်။
history lists 5 ancient new years celebrations b
မက်ဆိုပိုတေးမီးယား(ယခု အီရတ်ဒေသ) နယ်တွင် 2000BC ကတည်းက နှစ်သစ်ကူး
နေ့ကိုကျင်းပခဲ့ကြပါသည်။
list 5 ancient new years celebrations janus E
ရှေးရောမလူမျိုးများက မတ်လ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး
ဂျူးလီးယပ်ဆီဇာ လက်ထပ်တွင်တံခါးပေါက်များ၏ အစအဆုံးကို အစိုးရသော
ဂျေးနပ်နတ်မင်း(Janus)အား ဂုဏ်ပြုသောအားဖြင့် အမည်တပ် သတ်မှတ်ထားသော
ဇန်န၀ါရီ(January)လ၏ တစ်ရက်နေ့ကို နှစ်သစ်ကူးနေ့၊ နှစ်သစ်ကို စတင်သည့်နေ့
အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြပါသည်။
အင်္ဂလန်နိုင်ငံတွင် လက်ဦးက ဒီဇင်ဘာလ ၂၅ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ်
သတ်မှတ်ခဲ့ပြီး ရောမတို့ အင်္ဂလန်နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ပြီးနောက်မှ
ဇန်န၀ါရီလ ၁ ရက်နေ့ကို ပြောင်းလဲသတ်မှတ်ခဲ့ကြပါသည်။
သို့သော် ခရစ်တော်ပေါ်ပြီးနောက်ပိုင်း အလယ်ခေတ်လောက်တွင် ခရစ်ယန်ဘာသာဝင်
များ၏ နှစ်ဆန်းတစ်ရက်နေ့မှာ မတ်လ ၂၅ ရက်နေ့ဖြစ်ပါသည်။
၁၅၈၂ ခုနှစ်တွင် Gregorian ပြက္ခဒိန်ကို ရောမကက်သလစ်ဂိုင်းဝင်တို့ လက်ခံပြီးနောက်
တွင်မှ ဇန်န၀ါရီ ၁ ရက်နေ့ကို နှစ်တစ်နှစ်၏ အစနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
ထိုအလေ့အထသည် ယနေ့အချိန်အထိ လက်ခံ ကျင့်သုံးနေကြသော အယူအဆပင်
ဖြစ်ပါသည်။ယခုအခါတွင် တစ်ကမ္ဘာလုံး Gregorian ပြက္ခဒိန်ကို လက်ခံကျင့်သုံးနေ
ကြသဖြင့် ထိုဇန်န၀ါရီ ၁ ရက်နေ့မှာ ကမ္ဘာ့နှစ်သစ်ကူးနေ့ကဲ့သို့ဖြစ်နေပါသည်။
ဤသည်မှာ ဇန်န၀ါရီ ၁ ရက်၊နှစ်သစ်ကူးနေ့ အကြောင်းဖြစ်ပါသည်။ သို့သော်
ကမ္ဘာ့ဒေသအသီးသီး ၊ နိုင်ငံအသီးသီးနှင့် လူမျိုးအသီးသီးတွင် ကိုယ်ပိုင် ယူဆ
သတ်မှတ်ထားသော နှစ်သစ်ကူးနေ့များရှိကြပါသည်။ ဥပမာ ။     ။
history lists 5 ancient new years celebrations c
တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း။
အိန္ဒိယတွင် အာသံပြည်၌ ဧပြီလအတွင်း၊
            ပါရစီလူမျိုးတို့သည် စက်တင်ဘာလ ၅ ရက်နေ့
            ဟိန္ဒူဝါဒီ အများစုသည် နိုဝင်ဘာလတွင် ။
ကမ္ဘောဒီးယားတွင် ဧပြီ ၁၃ (သို့) ၁၄ ။စသည်ဖြင့် အမျိုးမျိုးကွဲပြားကြပါသည်။
irrthingyan04
မြန်မာတို့၏ နှစ်သစ်ကူးနေ့(နှစ်ဆန်း ၁ ရက်နေ့) သည် ဧပြီလ ၁၆ (သို့) ၁၇ ရက်၊
ဖြစ်ပါသည်။ မြန်မာပြက္ခဒိန် အရ တပေါင်းလကုန်၍ တန်ခူးလဆန်း ၁ ရက်နေ့ကို
သတ်မှတ်ခြင်း မဟုတ်ပဲ ပြက္ခဒိန်တော်ဆက်အဖွဲ့က နေသွားလမ်းကြောင်းကို
တွက်ချက်ပြီး သတ်မှတ်ပေးသောအချိန် နေ့ရက်ကို နှစ်သစ်ကူးချိန်(နှစ်ဆန်းချိန်)
အဖြစ် သတ်မှတ်ကြခြင်းဖြစ်ပါသည်။မြန်မာတစ်နိုင်ငံထဲတွင်ပင် လူမျိုးတစ်မျိုးစီတွင်
ကိုယ်ပိုင် နှစ်သစ်ကူးချိန်များ အသီးသီး ရှိကြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……….. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...