Wednesday, December 23, 2015
ကမ္ဘာပေါ်မှတွင်းပေါက်ကြီးများ
ကမ္ဘာပေါ်မှ တွင်းပေါက်ကြီးများကို တင်ပေးတာပါ။
ဖြစ်ပေါ်လာတာပါ။အရမ်းကြီးမားတဲ့ တွင်းကြီးတွေကြတော့ လူတွေရဲ့
အဖိုးတန် ရတနာများကို တူးယူသောကြောင့်ဖြစ်ပေါ်လာတာပါ။
ကျွန်တော်တို့ လူသားတွေဟာ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ပြန်လည်ပြီး
အပေါက်တွေဖောက်နေကြတာကို တွေ့ မြင်ရမှာပါဗျာ...
(၁)Chuquicamata, Chile
index
ဒီတွင်းကြီးကတော့ ချီလီနိုင်ငံမှာပါ။ကြေးနီမိုင်းတွင်းပါ။မိုင်းတွင်းအနက်
850 m ရှိပြီး  ကမ္ဘာကြေးနီအများဆုံးထုတ်လုပ်ရာနေရာပါ။
(၂)Udachnaya Pipe, Russia
2 800px Udachnaya pipe 
 ဒီတွင်းပေါက်ကြီးကတော့ ရုရှား နိုင်ငံက စိန်တွင်းကြီးပါ။
1955 ခုနှစ်ထဲကတွေ့ ရှိထုတ်လုပ်ခဲ့တဲ့ ဒီစိန်တွင်းဟာ 600 m
နက်ပါတယ်။
(၃)Sink hole, Guatemala
6a00d8341bf67c53ef0133efa1341c970b 800wi
ဂွာတီမာလာ နိုင်ငံမှာ 2007 ခုနှစ်က ပေ 300 နက်တဲ့ တွင်းပေါက်
ကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတွင်းပေါက်ကြီးဟာ မိုးရွာသွန်းမှုနှင့် မြေ
အောက်ရေ လှိုက်စားမှုတို့ ကြောင့်လို့ မှတ်ချက်ချကြပါတယ်။
(၄) Diavik Mine, Canada
4web diavik 
ကနေဒါ နိုင်ငံ အနောက်မြောက်ဘက်ပိုင်းမှာ ရှိတဲ့ ဒီစိန်တွင်းကို
2003 ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ကို 8 million carats or
about 1,600 kg (3,500 lb) ထွက်ရှိပါတယ်။
(၅)Mirny Diamond Mine, Siberia
5mir diamond mine 7[6]
ဒါကတော့ ဆိုက်ဘီးယားမှာ၇ှိတဲ့  ကမ္ဘာကျော်စိန်တွင်းပါ။
525 m နက်ပြီးတော့ 1200 m ကျယ်ပါတယ်။အကြီးဆုံးစိန်တွင်း
အဖြစ်တည်ရှိခဲ့ ပြီးအခုတော့ စွန့် ခွာခဲ့ပါပြီ။ အထက်မှ အောက်ခြေကို
ရောက်ဖို့ ထရပ်ကားကို နှစ်နာရီလောက်မောင်းရပါတယ်။
(၆)Great Blue Hole, Belize
6 Blue Hole
Belize နိုင်ငံက အပြာရောင်တွင်းပေါက်ကြီးကတော့ ပင်လယ်
ကမ်းခြေနားမှာ ရေအောက်တွင်းပေါက်ကြီးပါ။ ပေ ၁၀၀၀ကျယ်ပြီး
ပေ ၄၀၀ နက်ပါတယ်။
 (၇)Bingham Canyon Mine, Utah
7800px Bingham mine 5 10 03
 ကြေးနီမိုင်းတွင်းကြီးပါပဲ။0.75 mile (1.2 km) နက်ပြီးတော့
2.5 miles (4 km) ကျယ်ပါတယ်။
(၈) Monticello Dam, California
Monticello Dam
စီးဆင်းနှုန်း ကတော့ 48,400 cubic feet per second တဲ့။
(၉)Kimberley Diamond Mine, South Africa
big hole kimberley
 တောင်အာဖရိက က စိန်တွင်းဟောင်းကြီးပါ။လူတွေကတော့
ကြီးမားတဲ့တွင်းကြီးလို့ ပဲခေါ်ကြပါတယ်။ကမ္ဘာ မှာ လက်နဲ့ တူးတဲ့
တွင်းတွေထဲမှာအကြီးဆုံးပါပဲ။ 1866 ခုနှစ်မှာ မိုင်းလုပ်သား
စက်တွေမပါပဲနဲ့ ဂေါ်ပြားတွေနဲ့ တူးပြီး 2,722 kg စိန်တွေထွက်ရှိ
ခဲ့ပါတယ်။
(၁၀)Darvaza Gas Crater, Turkmenistan
10 Darvaza Gas Crater in Turkmenistan Doorway to
 တာ့မင်စတန်နိုင်ငံ မှာ 1971 ခုနှစ်ထဲကမြေအောက်ကသဘာဝ
ဓာတ်ငွေ့ တွေဒီတွင်းပေါက်က ထွက်နေတာ တွေ့ ရျိခဲ့ရတာပါ။
ဒီတွင်းကြီးမီးတွေ လောင်ကျွမ်းနေတာဟာ ဒီနေ့ အထိမရပ်မနား
ပါပဲတဲ့ ။
ကဲ သူငယ်ချင်းတို့ အတွက် ၇ှာလို့ ရသမျှကိုတင်ပေးလိုက်ပါတယ်။
စိတ်ကြေနပ်မှုအထိုက်အသင့်ရတယ်ဆိုရင် ပင်ပန်းရတာနပ်ပါပြီ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .........နေခရမ်း
9/15/2012, 11:11 AM မှ ပိုစ့်အားပြန်လည်ပြင်ဆင်တင်ပြပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...