ဒီတစ်ခါတင်ပြပေးချင်တဲ့ လှပတဲ့တောင်ပေါ်မြို့ကလေးကတော့ စပိန်နိုင်ငံမှတည်ရှိတဲ့
Ronda မြို့ကလေးအကြောင်းပဲဖြစ်ပါသည်။ ဒီမြို့ကလေးသည် စပိန်နိုင်ငံ Malaga
စီရင်စု ထဲမှာ တည်ရှိပြီး Malaga မြို့၏အနောက်ဘက် ၆၁ မိုင်အကွာမှာတည်ရှိပါသည်။
ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ Andalusiaဒေသအတွင်းပါဝင်ပါသည်။
ပျမ်းမျှလူဦးရေကတော့ ၃၅၀၀၀ ခန့်ရှိပါသည်။
ဒီမြို့လေးသည် ရှေးဟောင်းတောင်ပေါ်မြို့ကလေးဖြစ်ပြီး ပထမဦးစွာအခြေချခဲ့သည့်
သူများကတော့ Celts လူမျိုးများဖြစ်ပါသည်။ BC ၆ ရာစုခန့်ကဖြစ်ပြီး ထိုအချိန်က
Arunda ဟုခေါ်ခဲ့ကြပါသည်။ထို့နောက်သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက် ဖြတ်သန်း
နေထိုင်ခဲ့ကြသည့် မြို့ပါ။
481.31 km2 (185.83 စတုရန်းမိုင်) ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက်
739 m (2,425 ပေ) တွင် တည်ရှိပါသည်။ လှပလှသည့် မြို့ကလေးကို ကြည့်ရှုလိုက်ကြပါအုံးနော်…
ရှေးဟောင်းမြို့နံရံနှင့် မြို့တံခါးပါ...
ရှေးဟောင်းအဆောက်အဦများ
စပိန်ရိုးရာ နွားရိုင်းပွဲများ ၊ ကွင်းများတည်ရှိပါသည်။
စပိန်နိုင်ငံမှာ ဒါမျိုးတောင်ပေါ်မြို့ကလေး ရှိပါသေးတယ်။ Castellfollit de la Roca ဟုခေါ်သည့်
လှပသည့် တောင်ပေါ်မြို့ကလေးကို ထူးခြားလှပ တောင်ပေါ်မြို့ကလေး အပိုင်း(၂) တွင်
တင်ပြပေးဖူးပါသည်။
သူငယ်ချသ်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.................................နေခရမ်း
အရင်ကတင်ပေးထားတဲ့ပိုစ့်များကိုကြည့်လိုလျှင်...
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၄)(Meteora, Greece)
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၃) (Rocamadour)
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၂)ထူးခြားလှပသောတောင်ပေါ်မြို့ ကလေး
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။