သူငယ်ချင်းတို့ကို တောင်ပေါ်မြို့ကလေး နောက်တစ်မြို့ကိုအလည်ခေါ်ခြင်ပါတယ်။
ဒီမြို့လေးကတော့ ဂရိနိုင်ငံ မှာတည်ရှိတဲ့ Meteora ဆိုတဲ့ မြို့ကလေးပါ။
ဒီနေရာလေးကိုကြည့်ရတာ ကျွန်တော်တို့နိုင်ငံက ပုပ္ပားတောင် ကလပ် ကို
သတိရမိပါတယ်။
တကယ်တော့ ဒီနေရာဟာ မြို့ဆိုတာထက် ဂရိ အော်တိုဒေါ့ ဘုန်းကြီးကျောင်းပါ။
ဒီ Meteora နေရာလေးကို ကောင်ကင်၏ အလယ်ဗဟို ၊ ကောင်းကင်မှချိတ်ဆွဲထားသောနေရာ၊
ကောင်ကင်ဘုံ၏အထက်နေရာ လို့ ဒေသခံတွေက ခေါ်ကြတက်ပါတယ်။

ဒီမြို့လေးရဲ့ပန်းချီပုံပါ...
ဒီနေရာသည် အရှေ့တိုင်းအော်တိုဒေါ့ ဘုန်းတော်ကြီးကျောင်းတွေထဲမှာတော့
အကြီးဆုံးနှင့် အကျော်ကြားဆုံးနေရာလေးတစ်နေရာပါ။
ဒီတောင်ပေါ်မှာ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းရှိပါတယ်။ဒီကျောင်းတွေကို
သဘာဝ သဲကျောက်တိုင်လုံးတွေ နဲ့သာတည်ဆောက်ထားတာပါ။


ဒီနေရာ ဟာ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခံထားရပါတယ်။



ပျမ်းမျှအမြင့် ကတော့ 313 metres (၁၀၂၇ ပေ) ရှိပါတယ်။


ဒီပုံကတော့ တောင်ပေါ်ကမြင်ရတဲ့ ရှုခင်းနဲ့တောင်ခြေကမြို့ပါ...

ဂရိနိုင်ငံအလယ်ပိုင်းမှာတည်ရှိတာပါ...

သူငယ်ချင်းတို့အတွက်ရှာဖွေတင်ပေးလိုက်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.................................နေခရမ်း
အရင်ကတင်ပေးထားတဲ့ပိုစ့်များကိုကြည့်လိုလျှင်...
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၃) (Rocamadour)
ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၂)
ထူးခြားလှပသောတောင်ပေါ်မြို့ ကလေး

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။