Monday, December 31, 2012

အာဆီယံ ၁၀ နိုင်ငံထဲမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အကောင်းဆုံး မြို့ကြီး ၁၀ မြို့ရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ တောင်ကြီးမြို့ ပါဝင်


တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်..။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၉၀ တွင် တည်ရှိသည့် အေးချမ်းလှသော တောင်ပေါ်မြို့ဖြစ်သည်..။တောင်ကြီးမြို့ ပတ်ဝန်းကျင်ဒေသများသည် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ရာနေရာဖြစ်သည်..။ ပတ်ဝန်းကျင်ကျေးရွာများမှ လတ်ဆပ်သောထုတ်ကုန်များ လာရောက်ရောင်းချကြသည်..။ ငါးရက်တစ်ဈေး သည်လည်း စိတ်ဝင်စားအကြိုက်တွေ့ကြသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်..။
မြို့အနီး အင်းလေးကန်၌လည်း အင်းသားတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့စရိုက် များကိုမြင်တွေ့လေ့လာနိုင်သည်..။ ပင်းတယဂူ မှာလည်း သာယာရှုမောဖွယ် ရှုခင်းများနှင့် စိတ်ဝင်စားဖွယ်ရာများရှိသည်..။ ၁၆ ရာစုက တည်ထားကိုးကွယ်ခဲ့သည့် မွေတော်ကက္ကူ ဘုရားများကလည်း ဖူးမြော်မဆုံးဖြစ်နေသည်..။သဘာဝပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိန်းထားပြီး စိတ်ဝင်စားဖွယ်ရာ နေရာများဖြင့် ဆွဲဆောင်ထားပါက တောင်ကြီးမြို့သည် မီးခိုးမဲ့ စက်ရုံဟု တင်စားခေါ်ဆိုရမည့် ခရီးသွားလုပ်ငန်းဝင်ငွေ အများအပြားဆက်လက်ရရှိနိုင်မည်ဟု လေ့လာသူများကဆိုကြသည်..။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...