Friday, December 4, 2015

ကမ္ဘာကျော် လီဒို-မြန်မာ လမ်းမကြီး

http://i.imgsafe.org/ee08de3.jpg
ကျွန်တော်တို့မြန်မာနိုင်ငံမှ ကမ္ဘာကျော်ခဲ့သော လမ်းမကြီးများ
ရှိကြပါသည်။ ထိုအထဲမှ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကမ္ဘာကျော်
လမ်းမကြီးများအဖြစ်ဖောက်လုပ်ခဲ့သော လီဒို - မြန်မာ လမ်းမကြီးနှင့်
သေမင်းတမာန် မီးရထားလမ်းတို့မှာ နာမည်ဆိုးနှင့်ရော ခက်ခဲကြမ်းတမ်းမှု
များကိုအောင်မြင်စွာ ကျော်လွှားနိုင်ခဲ့မှုတွင်ပါ နာမည်ကျော်ခဲ့ကြပါသည်။
ထိုအထဲမှ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံ မှ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး
တရုတ်နိုင်ငံကိုစစ်လက်နက် ပစ္စည်းကိရိယာများ သယ်ပို့ရန်ဖောက်လုပ်ခဲ့သော
လီဒို လမ်းမကြီးသည် အလွန်ထူးခြားသည့် အင်ဂျင်နီယာ လက်ရာများတွင်
တစ်ခုအပါအ၀င်ဖြစ်ပါသည်။
http://i.imgsafe.org/eb4e5a2.jpg

ထိုလီဒို - မြန်မာ လမ်းမကြီးကို စတီးဝဲလ်လမ်းမကြီး ဟုလည်းခေါ်ကြပါသည်။
လီဒိုလမ်းမကြီးအကြောင်း ရေးလျှင် ၁၉၃၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး
၁၉၃၈ ခုနှစ်တွင် ပြီးစီးခဲ့သည့် မြန်မာလမ်းမကြီး (Burma Road) အကြောင်းကို
အရင် ရေးရပါမည်။ အကြောင်းမှာ လီဒိုလမ်းမကြီးမှာ ထိုမြန်မာလမ်းမကြီး နှင့်
လာရောက်ပေါင်းစုံပြီး တရုတ်နိုင်ငံ ကူမင်းအထိပေါက်ရောက်သောကြောင့် ဖြစ်ပါသည်။
ထိုမြန်မာ လမ်းမကြီးသည် ၇၁၇ မိုင် ရှည်လျားပြီး မြန်မာနိုင်ငံ လားရှိုးမြို့မှ
တရုတ်နိုင်ငံ ကူမင်းမြို့အထိ ဖောက်လုပ်ထားပါသည်။ ထိုလမ်းမမှ တရုတ်နိုင်ငံ မှ
လိုအပ်သော စစ်လက်နက်ပစ္စည်းနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို တင်ပို့နိုင်ခဲ့
ပါသည်။
http://i.imgsafe.org/f480c32.jpg
သို့သော် ၁၉၄၂ တွင် ဂျပန်က မြန်မာပြည်ကိုသိမ်းပိုက်လိုက်သောအခါ လားရှိုးမြို့မှ
လမ်းပိုင်းကိုဂျပန်မှ ဖြတ်တောက်လိုက်ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံ ကို
ထောက်ပံ့ရေးပစ္စည်းများပေးပို့ရန် နောက်ထပ် လမ်းမကြီး တစ်ခု အမြန်လိုအပ်လာပါသည်။
ဦးစွာ ထောက်ပံ့ရေး လေယာဉ်များဖြင့် ထောက်ပံ့ခဲ့ပါသည်။ သို့သော်နောက်ထပ်
ကားလမ်းမကြီး တစ်ခုဖောက်လုပ်ရန် လီဒို - မြန်မာလမ်းမကြီးကို စီမံချက်ချ
လုပ်ဆောင်လာကြပါသည်။
http://i.imgsafe.org/f853d31.jpg
လီဒိုလမ်းမကြီးသည် အာသံပြည်နယ် လီဒို မှ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့ကိုဆက်သွယ်ကာ
မြန်မာ လမ်းမကြီး (Burma Road) နှင့် မောင်ယု (Mong-Yu)တွင် ပေါင်းစုံခဲ့ပါသည်။
ထိုမှ တရုတ်နိုင်ငံ ကူမင်း အထိ ဆက်သွားခဲ့ပါသည်။
လီဒိုလမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်း လူပေါင်း ၆၃၀၀၀ ကျော်နှင့် အမေရိကန်
ဒေါ်လာ ၁၅၀သန်းခန့်သုံးစွဲကာ ဖောက်လုပ်ခဲ့ပါသည်။
လမ်းမဖောက်လုပ်ရာ အရပ်သည် အလွန်ထူထပ်သော တောတောင်များနှင့်
ရွံ့ညွံများ၊ သဘာဝ ဘေးအန္တရာယ်များ ၊ စစ်တိုက်ရင်းဖောက်လုပ်ခဲ့ရသောကြောင့်
စစ်ဘေးဒဏ်များကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါသည်။
http://i.imgsafe.org/f5645d9.jpg

http://i.imgsafe.org/eae1762.jpg
အမေရိကန်စစ်သား ၁၁၀၀ ကျော်နှင့် ဒေသခံအများအပြား သေဆုံးခဲ့ရပါသည်။
လမ်းမကြီး ပထမအဆင့်အပြီးတွင် ၀ရာဇပ် ၊ မြစ်ကြီးနား ၊ ဗန်းမော် တို့ကို ဖြတ်သန်းခဲ့ပြီး
၃၇၂ မိုင်အထိရှိပါသည်။
 http://i.imgsafe.org/f3b0f52.jpg
 မောင်ယု လမ်းဆုံသို့ရောက်ရန် မြစ်ကြီး ၁၀ သွယ် ၊
မြစ်ငယ်နှင့်ချောင်းပေါင်း ၁၅၅ သွယ်ကို ဖြတ်သန်းဖောက်ခဲ့ရသည်။
ယေဘုယျအားဖြင့် ၂.၈ မိုင်ခြားလျှင် တံတားတစ်စင်း ဆောက်လုပ်ခဲ့ရသည်။
http://i.imgsafe.org/f4e9145.jpg

http://i.imgsafe.org/ef5940d.jpg
လမ်းတစ်လျောက် ဆောက်လုပ်ရေးအတွက် အထောက်အပံ့ဖြစ်ရန် ၄ လက်မ
ဆီပိုက်လိုင်း နှစ်လိုင်းကို ချထားပါသည်။
ဗိုလ်ချုပ်စတီးဝဲလ် တာဝန်ယူဖောက်လုပ်ခဲ့ပြီး ၁၉၄၅ တွင် ပြီးစီးခဲ့ပါသည်။
http://i.imgsafe.org/ee7f0a7.jpg
ထို့နောက်တရုတ်နိုင်ငံ သို့ ထိုလမ်းမကြီးမှ ပစ္စည်းများထောက်ပံ့ပို့ဆောင်နိုင်ခဲ့ပါသည်။
http://i.imgsafe.org/f1633dc.jpg

http://i.imgsafe.org/f5d858a.jpg

http://i.imgsafe.org/fa1a35c.jpgသို့သော် ထိုလမ်းမကြီးမှာ ၁၀ လခန့်သာ အသုံးပြုခဲ့ရပြီး ဂျပန်တို့လက်နက်ချကာ
ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားသဖြင့် ဆက်လက်အသုံးမပြုကြတော့ပေ။
http://i.imgsafe.org/f736694.jpg

http://i.imgsafe.org/f550290.jpgမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ထိုလမ်းမကြီးကို ဆက်လက်
အသုံးမပြုတော့သဖြင့် ပျက်စီး လာခဲ့ပါသည်။ တစ်ဦးနှစ်ဦး ၊ အစုအဖွဲ့များဖြင့်
သာ သွားရောက် လည်ပတ်ခဲ့ကြမှု အနည်းငယ် ရှိသော်လည်း အဓိက
ကုန်သွယ်ရေးလမ်းမကြီး အဖြစ် အသုံးပြုခြင်း မရှိခဲ့ကြတော့ပါ။
http://i.imgsafe.org/f8d1071.jpg
ယခု အခါ ထိုလမ်းမကြီးကို တရုတ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ
ပူးပေါင်း ကာ ပြန်လည်ပြင်ဆင်ပြီး ကုန်သွယ်ရေးလမ်းမကြီး အဖြစ် ပြန်လည်အသုံး
ပြုရန် စီစဉ်နေကြပါသည်။
http://i.imgsafe.org/f81743a.jpg
မည်သို့ဆိုစေ ထိုလီဒို - မြန်မာ လမ်းမကြီး သည် ကမ္ဘာကျော် စစ်သုံး အဝေးပြေး
လမ်းမကြီးများအဖြစ် ယနေ့တိုင် ကျော်ကြားနေပါတော့သည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...