
ဂွါတီမာလာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ တောနက်ထဲကနေ မြို့တွေ၊ ခံတပ်တွေ၊ လယ်ယာမြေတွေနဲ့ လမ်းမကြီးတွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာကို Scan ဖတ် စစ်ဆေးခဲ့ရာမှာ ၇ ထပ်ပိရမစ်တစ်ခု အပါအဝင် အရင်တုန်းက မသိခဲ့ရတဲ့ အဆောက်အအုံ ၆၀၀၀၀ တွေ့ရှိခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ဒီဒေသဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ဝန်းကျင်က (ရှေးဟောင်းပညာရှင်တွေကမြွှေဘုရင်တွေ (Snake Kings) လို့ ခေါ်ကြတဲ့ ထူးခြားဆန်းကျယ် မာယာမင်းဆက် ဦးဆောင်တဲ့) အဆင့်မြင့် လူ့အဖွဲ့အစည်း တစ်ရပ် နေထိုင်ခဲ့တယ်လို့ ယူဆစရာဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲကနေ သစ်ပင်ပုံရိပ်တွေကို ဖယ်ရှားပစ်နိုင်တဲ့ LiDAR နည်းပညာ အသုံးပြုပြီး မြေအောက်မှာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အစောပိုင်းက မာယာလူမျိုးတွေရဲ့ လူဦးရေခန့်မှန်းချက်တွေမှာ မာယာလူမျိုး ၂ သန်းထက် မကျော်ခဲ့ဘူးလို့ ဆိုခဲ့ပေမယ့် အခုတွေ့ရှိမှုကြောင့် မာယာလူဦးရေ သန်း ၂၀ လောက်ရှိခဲ့မယ်လို့ ယူဆစရာဖြစ်လာတယ်ဆိုပြီး LiDAR နည်းပညာ နောက်ကွယ်က သုတေသီတွေက ပြောပါတယ်။
Credit:Yoyarlay
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။