Sunday, April 29, 2018

အီဂျစ်၌ တွေ့မြင်ကြရသည့် ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနှင့် အရပ်အပုဆုံး အမျိုးသမီး

တူရကီနိုင်ငံမှ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားဖြစ်သူ Sultan Kosen နှင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးဖြစ်သူ အိန္ဒိယနိုင်ငံမှ Jyoti Amge တို့သည် အီဂျစ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့ပါသည်။ Sultan Kosen သည် အရပ်အမြင့် (၈ ပေ ၂.၈ လက်မ) 251 cm ဖြင့် ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသလို Jyoti Amge သည်လည်း အရပ်အမြင့် (၂၄.၇ လက်မ) 62.8 cm ဖြင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ်စံချိန်တင်ထားသူ ဖြစ်ပါသည်။ ထိုသို့ ဆန့်ကျင်ဘက်ရှိသူ နှစ်ဦးကို အီဂျစ်နိုင်ငံ ပိရမစ်ကြီးများသို့ အလည်အပတ်ထွက်လာစဉ် ယှဉ်တွဲတွေ့ရှိခဲ့ရပြီး ကမ္ဘာ့သတင်းမီဒီယာများတွင် အထူးတလည် ဖော်ပြခြင်းခံခဲ့ရပါသည်။


သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...