Sunday, April 29, 2018

ဒဏ္ဍာရီထဲက နေရာလေးအလား Hobbiton ရွာလေး

သူငယ်ချင်းတို့အနေနဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Lord of The Rings ဇာတ်ကားထဲက တောင်ကုန်းအောက်မှာ ဆောက်ထားတဲ့ အိမ်ကလေးများကို တွေ့မြင်ဖူးကြမှာပါ။ တကယ်တော့ ဒီဒေသလေးဟာ နယူးဇီလန်နိုင်ငံ Matamata Piako ခရိုင်အတွင်းမှာ တည်ရှိတဲ့ အေးချမ်းလှပတဲ့ နေရာလေးဖြစ်ပါတယ်။ ဒီလို ဒဏ္ဍာရီထဲကကျေးရွာလေးလို တည်ရှိနေတဲ့ အိမ်ကလေးများဟာ The Lord of The Rings ဇာတ်ကားများရိုက်ကူးရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ လှပဆန်းပြားတဲ့ အိမ်ကလေးပေါင်း ၃၇ လုံးအပြင် လမ်းကလေးများ ၊ ခြံဝင်းများ ၊ ပန်းဥယျာဉ်များကိုလည်း တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ထိုဒေသဟာ မြက်ခင်းများ ထူထပ်စွာပေါက်ရောက်နေပြီး ကျွဲ ၊ နွား နှင့် သိုးများအဓိက မွေးမြူတတ်ကြပြီး သိုးမွေးများလည်း များစွာထွက်ရှိရာ ဒေသတစ်ခု ဖြစ်ပါတယ်။ ယခုအခါ The Lord of The Rings ဇာတ်ကားကြောင့် ကျော်ကြားလာခဲ့ပြီး လှပပြီး အမြင်ဆန်းပြားတဲ့ အိမ်ကလေးများတည်ရှိရာ ထိုကျေးရွာလေးကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်တတ်တဲ့ အဓိကနေရာတစ်နေရာ ဖြစ်နေပါပြီ။ Hobbiton ရွာလေးကို ကြည့်လိုက်ရအောင်နော်…










သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...