Sunday, April 29, 2018

ဂင်းနစ်ကမ္ဘာ့စံချိန်တင် လူအများဖြင့်ပုံဖော်ခဲ့သည့် မြန်မာပြည်မြေပုံကြီး

ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စံချိန်တင်နိုင်ရန် ကမ္ဘာတစ်ဝှမ်းမှ  အမျိုးမျိုးအဖုံဖုံဖြင့် ကြိုးစားတတ်ကြပါတယ်။ ယခု မြန်မာနိုင်ငံ အနေဖြင့်လည်း လူအများဖြင့် ပုံဖော်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံ/တိုက်ကြီးတစ်ခု၏ မြေပုံကြီးအဖြစ် စံချိန်တင်နိုင်ခဲ့ပါသည်။

ထိုမှတ်တမ်းကို မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တယ်လီနောမြန်မာမှ ဦးဆောင်ကာ မကွေးမြို့သူ/မြို့သားများဖြင့် ၂၀၁၈ ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လူအင်အား ၃၄၆၆ ဦးပါဝင်ပုံဖော်ခဲ့ကာ ကမ္ဘာပေါ်တွင် လူအင်အားဖြင့် ပုံဖော်သည့် နိုင်ငံ(သို့) တိုက်ကြီးတစ်ခု ပုံများတွင် အကြီးဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်တွင် ထိုကဲ့သို့ လူအင်အားအများအပြားဖြင့် ရုပ်ပုံများ ပုံဖော်စံချိန်တင်မှုများ ယခင်ကတည်းက များစွာရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အလံကြီး ၊ အကြီးဆုံး ကာတွန်းရုပ် ၊ အကြီးဆုံး သဘောင်္ပုံ ၊ အကြီးဆုံးကြယ်ကြီး ၊ အကြီးဆုံး ပြုံးနေသောပုံ ၊ အကြီးဆုံး ကင်မယာပုံ ၊ အကြီးဆုံး ပီဇာပုံကြီး ၊ အကြီးဆုံး လက်ပုံကြီး စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် စံချိန်တင်ခဲ့ကြပါတယ်။ ယခု နိုင်ငံမြေပုံခေါင်းစဉ်ဖြင့်တော့ မြန်မာနိုင်ငံမှ နောက်ဆုံးစံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံ အနေဖြင့် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး နီလာ ၊ ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံး မင်းကွန်းဆရာတော် ၊ မင်းကွန်းခေါင်းလောင်းကြီး ၊ လည်ပင်းအရှည်ဆုံး ပဒေါင်လူမျိုးများ စသည်ဖြင့် စံချိန်တင်မှုများ များစွာ ရှိခဲ့ဖူးပါသည်။ ထိုစံချိန်များမှာ အရာဝတ္ထုနှင့် တစ်ဦးခြင်း တင်ရှိသော မှတ်တမ်းများသာ အများဆုံး ဖြစ်နေပြီး ယခုမှတ်တမ်းကတော့ လူအများအပြားဖြင့် ကမ္ဘာ့မှတ်တမ်းတင်နိုင်ခဲ့သည့် ထူးထူးခြားခြားအဖြစ်တစ်ခုပင် ဖြစ်ပါသည်။






သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...