Monday, January 29, 2018

ဘယ်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ငွေအသုံးဆုံးလဲ


            နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်များ အနက် တရုတ် ကမ္ဘာလှည့် ခရီးသည်များသည် ငွေအသုံးဆုံး ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာလှည့် ခရီးသွား အဖွဲ့အစည်း၏ စာရင်းအရ သိရသည်။ ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ (၁၆၅) ဘီလီယံ အသုံးပြုခဲ့ကြသည်။ ၂၀၁၃ ခုနှစ်တုန်းကထက် (၂၇) ရာခိုင်နှုန်း တိုးမြှင့် အသုံးပြုလာကြခြင်း ဖြစ်သည်။ အမေရိကန်နှင့် ဂျာမနီတို့ထက်ပင် ပိုမိုသုံးစွဲခဲ့ကြသည်။
          တရုတ်နိုင်ငံသား (၆) ရာခိုင်နှုန်းသာ ပတ်စ်ပို့ ကိုင်ဆောင်ထားကြသည်။ သို့သော် တရုတ်နိုင်ငံသားများ ပြည်ပထွက်နှုန်းများက တစ်နှစ်ပြီး တစ်နှစ် တိုးလာနေသည်။ တရုတ် နိုင်ငံသားများအား ပြည်ပထွက်ခွင့် တင်းကျပ်ထားမှုများ လျှော့ချပေးလာခြင်း၊ နိုင်ငံသားများ လက်ထဲတွင် ငွေပိုငွေလျှံ ရှိလာခြင်း တို့သည် ပြည်ပခရီးသွား ဖြစ်စေသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်။
          နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားများ ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း အသုံးပြုခဲ့သည့် ပမာဏ၏ (၁၃) ရာခိုင်နှုန်းကို တရုတ် ခရီးသွားများက အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တရုတ် နိုင်ငံသားများ ပြည်ပခရီးသွားနှုန်း တိုးတက်လာသော်လည်း တရုတ်ပြည်တွင်းသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်နှုန်းက ကျဆင်းခဲ့သည်။ တရုတ်လေထု ညစ်ညမ်းမှု၊ ကမ္ဘာလှည့် ခရီးသွားများ အတွက် အသုံးစရိတ်များ မြင့်တက်နေမှု၊ ဗီဇာလျှောက်ရခက်မှု တို့သည် ခရီးသည် ၀င်ရောက်နှုန်း ကျဆင်းရသည့် အဓိကအချက်များ ဖြစ်သည်။
Credit: www.messengernewsjournal.com  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...