Thursday, January 10, 2013

ကြိုးတန်းလမ်းလျှောက်ပြီး မွေးရပ်ကို အလွမ်းအဖြေသည့် ဂျာမနီမှ ဂေါ်ရီလာမျောက်ဝံ


ဒိန်းမတ်နိုင်ငံ Givskud တိရိစ္ဆာန်ဥယျာဉ်မှ ဂျာမနီနိုင်ငံ ကရီဖီလ်တိရိစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိလာသော ၁၂နှစ်အရွယ်ရှိ ဂေါ်ရီလာမျောက်ဝံသည် အိမ်လွမ်းသည့်ဝေဒနာ ဖျေဖျောက်နိုင်စေရန်အတွက် ကြိုးတန်းပေါ်တွင် လမ်းလျှောက်လေ့ရှိကြောင်း တိရိစ္ဆာန်ရုံမှ တာဝန်ရှိသူများက သတိထားမိခဲ့ကြသည်။
ကီဒိုးကိုအမည်ရှိ အဆိုပါ မျောက်ဝံအတွက် မူနာနှင့် အိုယာမျောက်ဝံ အစ်မနှစ်ကောင် ပေးထားသော်လည်း တစ်ခါတစ်ရံ အိမ်လွမ်းသည့်ဝေဒနာ ခံစားရလေ့ရှိပြီး ထိုအချိန်များသည် တစ်ကောင်တည်း ကြိုးတန်းပေါ်တွင် လမ်းလျှောက်လေ့ရှိကြောင်း သိရှိရသည်။ ကရီဖီလ် တိရစ္ဆာန်ဥယျာဉ်၌ ယခင်က မွေးမြူထားသည့် မျောက်ဝံသေဆုံးသွားခဲ့ပြီးနောက် ကီဒိုကိုကို ခေါ်ယူထားခဲ့ခြင်း ဖြစ်ပြီး ၇၅နှစ်မြောက် ကရီဖီလ်တိရစ္ဆာန် ဥယျာဉ်၏ စိန်ရတုသဘင် အထိမ်းအမှတ်ပွဲတွင် ကီဒိုကို၏ ကြိုးတန်းလမ်းလျှောက်ပြကွက်သည် ပရိသတ်များအကြား အထူးရေပန်းစားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...