
ရုရှားနိုင်ငံမှ Anatoly Konenko ဆိုတဲ့သူက ဖန်တီးခဲ့တာပါ။
အသက် ၅၇ နှစ်အရွယ်မှာ တကယ်ကို မိုက်ခရိုအသေးစား အနုပညာ
ဖန်တီးသူအဖြစ် သက်မှတ်ခံရပါတယ်။

အသေးဆုံးငါးမွေးကန်ဖြစ်ဖို့ က တကယ့်ငါးမွေးကန်အကြီးတွေလို လက်တွေ့အသုံး
ပြုလို့ ရရမှာပါ။ ဒီငါးမွေးကန်လေးကတော့ သေးပေမယ့် အမှန်အသုံးဝင်ပါတယ်။
ဒီးငါးကန်လေးသည် 30mm အကျယ်ရှိပြီး 24 mm အမြင့်ရှိကာေ၇အနက်ကတော့
14 mm သာ ၇ှိပါသည်။ ငါးကန်လေးကို မှန်သားဖြင့်တည်ဆောက်ထားပါသည်။

ဒီကန်လေးမှာ သေးငယ်တဲ့ zebra danio ငါးမျိုးကိုမွေးမြူထားပါတယ်။
ဒီးငါးကန်ထဲမှာ ရေ၀င်ဆန့်မှုသည် လက်ဖက်ရေဇွန်နှစ်ဇွန်း သာ ၀င်ဆန့်ပါတယ်။
သေးငယ်တဲ့ ရောင်စုံကျောက်တုံးလေးတွေနှင့် ရေမှော်ပင်လေးတွေကို
ထည့်သွင်းတန်ဆာဆင်ထားပါတယ်။


ဒီငါးကန်လေးကို အိမ်မှာထားရင်အတော် ဂရုစိုက်ရမှာပါ။
တော်ကြာ ငါးကန်ပျောက်လို့လိုက်ရှာရတယ် ဆိုရင်လူကြားလို့မှ
မကောင်း.............P
သူငယ်ချင်းများပျော်ရွှင်ကြပါစေ........................ နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။