Monday, January 14, 2013

စပိန် နိုင်ငံမီးတောင်ထိပ်ဝက Restaurant

 
“El Diablo” restaurant သည် စပိန်နိုင်ငံ Lanzarote ကျွှန်းတွင်တည်ရှိသည့်အမြဲတမ်းတုန်ခါပြီး ပေါက်ကွဲချင်နေသည့်
မီးတောင်ကြှီးတစ်ခု၏ ထိပ်ဝတွင် တည်ဆောက်ထားခြင်းဖြစ်ပါသည် ။အမြဲတမ်း
 မီးတောင် အောက်မှ အပူငွေ့ များတတ်နေသည့်အတွက် restaurant 
အတွင်းစားသောက်သူများကို အအေးပေးစနစ် အခန်းများကိုအထူးပြုလုပ်ပေး
ထားသော်လည်း ပူပြင်းလှပါသည် ။ ထို့ ကြောင့် restaurant ဘေးပတ်လည် ၀န်းကျင်တွင် ရေများအမြဲပတ်ဖျန်းကာ ထားရပါသည် ။
ထို restaurant တွင်
 အထူးအနေဖြင့် အသားများကို ကင်ကာ စားနိုင်စေရန်အတွက် မီးဖိုပေးထားခြင်းမျိုး 
လျှပ်စစ် မီးပူများ အစရှိသဖြင့် မပြုလုပ်ပေးထားပဲ မီးတောင်အောက်မှ ထွက်သော အငွေ့ များတိုက်ရိုက်ထွက်စေရန် အပေါက်လုပ်ပေးထားကာထိုအပေါက်တွင်
 အသားများကို ကင်ကာစားသောက်နိုင်ပါသည် ။ ထို့ကြောင့်ထို restaurant သို့လာရောက်လည်ပတ်ကြသူများသည်ထိုအရာကိုအထူးနှစ်သက်ကြကာ
လာရောက်သူတိုင်းအသားကင်စားကြကာပျော်ရွှင်နေ

ကြရပါသည် ။Restaurant မှချတ်ပြုတ်ကြော်လှော်ခြင်း ကိုလည်းထို မီးတောင်မှအန်ထွက်သည့်အပူအငွေ့ များကိုအသုံးပြုခြင်းဖြင့် သာချတ်ပြုတ်ကြောင်းသိရပါသည် ။

 

မီးတောင်ထိပ်တွင် ခန့် ခန့် ထည်ထည် နှင့်ခိုင်မာစွာတည်ဆောင်ထားတဲ့ 
El Diablo restaurant ကိုအဝေးမှ တွေ့ နေရသည့်ပုံဖြစ်ပါသည်

 
ပူပြင်းလှသည့် restaurant ပတ်ဝန်းကျင်ကို ရေများဖြန်းကာ အေးစေပြုလုပ်နေသည်ကို
 တွေ့ ရပါသည်


resturant အထဲတွင်တွေ့ ရသည့် စားသောက်နိုင်သည့် စာပွဲနေရာခင်းများ



မီးးတောင် အောက်မှထွက်လာသည့် အပူငွေ့ များနှင့် မိမိတို့ စားသောက်မည့် အသားများကိုကင်နေကြသည်ကိုတွေ့ ရပါတယ် တကယ့်ကို စားကောင်းမယ့်ပုံလေးပါပဲ..


မိမိ ကိုယ်တိုင်စိတ်ကြိုက် ကင်စားလို့ ရသေးတယ်နော် ကြောက်ပါ့ ကင်စားနေတုန်းပေါက်
ထွက်လာမှဖြင့် ကြက်ပေါင်တွေကြီးပဲကင်စားနေတာ တကယ့်ကိုကင်စားချင်စရာပဲ ကျသွားးရင်တော့ ပြန်မရဘူးနော်ပြာဖြစ်သွားလိမ့်မယ်
အားလုံးကို အစဉ်လေးစားလျက်...
ref:Mc wai yan (Dannel Iglesias Phyo)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...