
အမေရိကန်ပြည်ထောင်စု မန်ဆာ ချူးဆက်ပြည်နယ်မှ ခြေထောက်နှင့် လက်သာမန်ထက်ပိုတိုနေသော အမျိုး သမီးတစ်ဦးသည် အရပ်ပိုမိုရှည်ထွက် လာစေရန် ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက် အရပ် ၁၄ လက်မ ပိုရှည်ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။
သူမသည် ခြေလက်အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံးသူဖြစ်ကြောင်း သူမအား ခွဲစိတ်ပေးသည့် ဆရာဝန် များက ပြောကြားခဲ့သည်။
သူမသည် အသက် ၈ နှစ်အရွယ်က ခြေထောက်များ ရှည်ထွက်လာစေရန်အတွက် ခြေသလုံးရိုးအားချိုးပြီး အရိုးများ ရှည်ထွက်စေရေး အနာခံခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ၎င်း၏ အရိုးသည် ပထမအကြိမ် ခွဲစိတ်စဉ် ၁ဝ စင်တီမီတာ ရှည်ထွက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် တွင် ဒုတိယအကြိမ် ထပ်မံခွဲစိတ်၍ အရိုးများကို ဆန့်ထုတ်ခဲ့ရာ ၂၅ စင်တီမီတာ ရှည်ထွက်လာခဲ့သည်။
နှစ်ကြိမ် ခွဲစိတ်ပြီး အရပ်ရှည်ထွက်စေရန် ဆောင်ရွက်ခဲ့ရာတွင် အပြင်း အထန် နာကျင်မှု၊ အခန့်မသင့်လျှင် မသန်မစွမ်း ဘဝသို့ ရောက်ရှိနိုင် သည်ကိုမမှုဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအခါ အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ် သည့် တစ်ဖနီ ဒီဒိုနာတိုသည် ဆန်းသစ်သော သူမ၏ ခွဲစိတ်ကုသမှု အကြောင်းကို Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။
သူမသည် အရပ်အနည်းငယ် ပိုရှည်ခဲ့ သော်လည်း သူမအတွက် ထိုအရာမှာ မလွယ်ကူကြောင်း၊ အိပ်ရာထတိုင်း နာကျင်မှုကို ဆိုးရွားစွာ ခံစားရလေ့ရှိ ကြောင်း တစ်ဖနီက ပြောကြားခဲ့သည်။ သူမသည် ၎င်း၏ ချစ်သူ မရိန်းတပ် သားနှင့် လက်ထပ်ပြီး သားတစ်ယောက် ရရှိနေပြီဖြစ်သည်။
သူမ၏ ပြင်းပြသော ဆန္ဒဖြင့် အရပ်ရှည်ထွက်အောင် ခွဲစိတ်ကုသမှု ပြုလုပ်ရာတွင် ဖြစ်လာနိုင်သည့် အန္တရာယ်များကို သူမ၏စိတ်ဓာတ်ဖြင့် အခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်မှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။