Saturday, November 24, 2012

ကမ္ဘာ့အကြီးဆုံးကား


 အမြင့် ၂၂ ပေ ၇ လက်မ၊ အကျယ် ၂၅ပေ ၇လက်မ၊ အလျား ၆၆ ပေ ၉ လက်မ ရှိပါတယ်။ အင်ဂျင်က လျှပ်စစ်ဓာတ်အား AC သုံးအင်ဂျင်ဖြစ်ပြီး၊ ဒီဇယ်အင်ဂျင်လည်း ပါရှိပါသေးတယ်။
ကမ္ဘာ့အကြီးဆုံးကားလို့ မှတ်တမ်းအတင်ခံထားရတဲ့ ကားကတော့ General Motor မှ ထုတ်လုပ်တဲ့ Terex 33-19 Titan လို့အမည်ရတဲ့ ထရတ်ကား ပဲ ဖြစ်ပါတယ်။
Terex ထရတ်ကားအမျိုးအစားများကို ၁၉၇၃ ခုနှစ်က စတင်ထုတ် လုပ်ပြီး ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ လမ်းတံတားဖောက် လုပ်ရေးတို့မှာ အသုံးပြုဖို့ ရည်ရွယ်ပြီး GM က ကနေဒါနိုင်ငံမှ ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

Utra class အမျိုးအစားဖြင့်ပြီး သူ့ရဲ့ Dimension ကတော့
စလင်ဒါ ၁၆လုံးနဲ့ top speed တစ်နာရီ ၂၉.၈ မိုင်အထိမောင်းနှင်နိုင် ပါတယ်။ သို့ပေမယ့် သူ့ရဲ့ အရွယ်အစားကြောင့်မို့ လမ်းမကြီးတွေပေါ် မှာ မောင်းနှင်ခွင့်မရှိပါဘူး။ လုပ်ငန်းသုံး ကားသက်သက်သာ ဖြစ်ပါတယ်။ အလေးချိန် ၅၀၉၅၀၀ ပေါင်ရှိပြီး ကုန်တန် ၄၀၀ သယ်ဆောင်နိုင်စွမ်းရှိ ပါတယ်။ ၂၀၀၉ခုနှစ်က ထုတ်လုပ်ထားတဲ့Terex 33-19 Titan ဟာ စမ်းသပ်ထုတ်လုပ်ခြင်းသာဖြစ်ပြီး လုပ်ငန်းခွင်အသုံးမချပဲ ကနေဒါနိုင်ငံ က ပြတိုက်တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားများ ကြည့်ရှုလို့ရအောင် ပြသထား ပါတယ်။
သူ့ရဲ့ ကာလပေါက်ဈေးဟာ ယနေ့ငွေကြေးတန်ဖိုးနဲ့ တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်းတန်ဖိုး ရှိတယ်လို့ သိရပါတယ်။
Ref:Caredition.com
Photo courtesy of caredition.com. All Rights Reserved.
ref: facebook(international news for myanmar)မှတစ်ဆင့်
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...