Thursday, November 22, 2012

မာယာ လူမျိုးများ ပျောက်ကွယ်မှုသည် စစ်ပွဲများ၊ မိုးခေါင် ရေရှားမှု ပြဿနာနှင့် ဆက်စပ်မှု ရှိနေ

 








ဝါရှင်တန် နိုဝင်ဘာ ၂၁
မာယာ လူမျိုးများ ပျောက်ကွယ် မှုသည် စစ်ပွဲများ၊ မိုးခေါင် ရေရှားမှု ပြဿနာနှင့် ဆက်စပ်မှု ရှိနေကြောင်း သုတေသန ပညာရှင်များ ၏ လေ့လာချက်ကို နိုဝင်ဘာ ၁၆ ရက်က ထုတ်ဝေသော သိပံ္ပ ဂျာနယ် တစ်စောင် တွင် ဖော်ပြ ထားသည်။
သုတေသန ပညာရှင် များသည် မာယာ လူမျိုးများ နေထိုင် ခဲ့သည့် Belize ဒေသရှိ Yok Balum လိုဏ်ဂူ ထဲတွင် ကြွင်းကျန် နေခဲ့ သည့် ကျောက်စက် မိုးမျှော်များကို ဓာတုဗေဒ နည်းများ အသုံးပြု၍ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ လွန်ခဲ့သော နှစ် ၂ဝဝဝ ကျော်က မိုးရွာသွန်း ခဲ့သော စံချိန် စံညွှန်း များကို ပြန်လည် ဆက်စပ် ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိုဏ်ဂူသည် မာယာ လူမျိုးများ နေထိုင် ခဲ့သည့် Uxbenka ဒေသမှ ၁ ဒသမ ၅ ကီလိုမီတာ အကွာတွင် တည်ရှိ သည်ဟု သိရ သည်။ ထို့အပြင် ရာသီဥတု ကောင်းမွန်သော အချိန် ကာလ များတွင် မာယာ လူမျိုး များသည် မြို့ကြီး များကို တည်ထောင် ကြ၍ စီး ပွားရေး ဖွံ့ဖြိုး တိုးတက် ခဲ့ကြပြီး အေဒီ ၆၆ဝ နှင့် ၁၁ဝဝ ကြားတွင် ရာသီဥတု ပြောင်းလဲမှုနှင့် စစ်မက် ဖြစ်ပွားမှုတို့ ကြုံတွေ့ ခဲ့ရကာ မာ ယာ လူမျိုးများ ပျောက်ကွယ် သွားခဲ့ကြောင်း သုတေသန ပညာရှင် များ၏ လေ့လာ ဖော်ထုတ်ချက် အရ သိရသည်။
ထို့အပြင် မာယာ လူမျိုးတို့၏ ပြိုင်ဆိုင်မှုများ၊ စစ်ပွဲများနှင့် မဟာဗျူဟာ ကျသော မဟာမိတ် ဖွဲ့စည်းခြင်းများ သည် အေဒီ ၆၆ဝ နှင့် ၉ဝဝ ကြားတွင် သိသာစွာ များပြား ခဲ့ပြီး အဆိုပါ မှတ်တမ်း မှတ်ရာများကို မာယာ အုပ်ချုပ်သူ များက ကျောက်သား များပေါ်တွင် ထွင်းထုထား ခဲ့ကြသည်။ ၎င်းမှတ်တမ်း များကို သုတေသန ပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြပြီး ထိုကျောက်စာ မှတ်တမ်း များကို လေ့လာခြင်းဖြင့် စစ်ပွဲများနှင့် မိုးခေါင် ရေရှားမှု ပြဿနာသည် ဆက်စပ်မှု ရှိနေကြောင်း သုတေသန ပညာရှင် များက လေ့လာ တွေ့ရှိ ခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...