Friday, November 30, 2012

ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက်ကို ရက်ပေါင်း ၉ဝ အတွင်း တရုတ် ကုမ္ပဏီ တည်ဆောက်မည်












ပေကျင်း  နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံမှYuandaGroup ကုမ္ပဏီသည် အထပ် ၂၂ဝ ပါဝင်သော မိုးမျှော်တိုက် တစ်လုံးကို ရက်ပေါင်း ၉ဝ အတွင်း တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း Shin Chew နေ့စဉ်ထုတ် သတင်းစာ၏ ဖော်ပြ ထားချက် အရ သိရသည်။ ၈၃၈ မီတာ အမြင့်ရှိသော Sky City  အမည်ရှိ အဆိုပါ မိုးမျှော်တိုက်ကို ချန်ရှာ ဒေသ၌ ယခုလ အကုန်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း Yuanda Group ကုမ္ပဏီက  ပြောကြားသည်။
အဆိုပါ မိုးမျှော်တိုက် တည်ဆောက်မှုသည် လာမည့်နှစ် မတ်လတွင် ပြီးစီးမည် ဖြစ်ပြီး ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်လာ မည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ဒူဘိုင်းမြို့ရှိ ၈၂၉ မီတာ ရှည်လျားသော Burj Khalifa မိုးမျှော် တိုက်သည် ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက် အဖြစ် မှတ်တမ်း တင်ခြင်း ခံထား ရကြောင်း သိရသည်။ Sky City မိုးမျှော် တိုက်ကို ပုံစံထုတ် ကြိုတင် ပြုလုပ်သော စနစ်ဖြင့် တည်ဆောက်မှု နည်းပညာ အသုံးပြု၍ တည်ဆောက် သွားမည် ဖြစ်ပြီး ငလျင်ဒဏ်ကို ကြံ့ကြံ့ ခံနိုင်မည် ဖြစ်ကြောင်း ယူအန်ဒါ မီဒီယာမှ အရာရှိ လျူလင် ဖောင်က ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် အထပ် ၃ဝ ပါ ဟိုတယ် တစ်ခုကို ယင်း နည်းပညာ အသုံးပြု၍၁၅ ရက် အတွင်း တည်ဆောက် ခဲ့ကြောင်း သိရ သည်။
ref:မြ၀တီ 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...