Thursday, November 22, 2012

အင်္ဂလန်နိုင်ငံမှ မိန်းကလေး ၂၈ ဦး အသေးစား ကားအတွင်းသို့ ဝင်ရောက်၍ ကမ္ဘာ့ဂင်းနစ် မှတ်တမ်း စံချိန် တင်ခဲ့

http://www.myawady.net.mm/cache/e/feb1543ee2b9aeafff9e39f1af16614a.png
လန်ဒန် နိုဝင်ဘာ ၁၉
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် (၈) နှစ်မြောက် ကမ္ဘာ့ဂင်းနစ် မှတ်တမ်း နှစ်ပတ်လည်နေ့ အဖြစ် ကွေးနိုင် ဆန့်နိုင်သော ကိုယ်ကာယ အားကစား ပြုလုပ်သူ မိန်းကလေး ၂၈ ဦး ပါဝင်သော အဖွဲ့သည် အသေးစား ကား အတွင်းသို့ ဝင်ရောက်၍  ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင်နိုင် ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ကားအတွင်း သို့ဝင် ရောက်ရန် အတွက် ၁၈မိနစ် အချိန်ယူ ခဲ့ကြောင်း၊ ၎င်းတို့၏ မျက်နှာ များကို လေကာ မှန်ဘက်တွင် ကပ်ထားပြီး ခန္ဓာကိုယ် များကို ပြတင်းပေါက်၏ အပြင်ဘက်တွင် ထုတ်ထား ကြောင်း သိရသည်။

အဆိုပါ မိန်းကလေး များသည် ပြီးခဲ့သည့် နှစ်က အီစ်ဘမ်းမြို့တွင် ၎င်းတို့ ၂၇ ဦး ကိုယ်တိုင် မှတ်တမ်း တင်ထားသည့် စံချိန် ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။
မိမိတို့ အနေဖြင့် အသေးစား ကားအတွင်းသို့ ယင်းကဲ့သို့ ဝင်ရောက်မှု ပုံစံမျိုးကို လုပ်နိုင်စွမ်း မရှိကြောင်း၊ယင်းကဲ့သို့ လုပ်နိုင်သည်မှာ အံ့သြစရာ တစ်ရပ် ဖြစ်ကြောင်းဖြင့် ပွဲစီစဉ်သူ ဒါနီမေနက်စ်က ပြောကြား ခဲ့သည်။
(၈) နှစ်မြောက် ကမ္ဘာ့ဂင်းနစ် မှတ်တမ်း နှစ်ပတ်လည် နေ့တွင် ကမ္ဘာ တစ်ဝန်းမှ ပြည်သူ ၄၂ဝဝဝဝကျော် ပါဝင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...