Thursday, November 22, 2012

မော်တော်ကား ရပ်နားရာတွင် ယာဉ်မောင်းများကို အကူအညီ ပေးနိုင်မည့် ဖောက်ထွင်းမြင် ကားသစ်တစ်မျိုး ဂျပန် သုတေသီများ ထုတ်လုပ်

http://www.myawady.net.mm/cache/c/0c13170c6c489f9217f059ec68422998.png
တိုကျို  နိုဝင်ဘာ ၉
ဂျပန်နိုင်ငံမှ သုတေသန ပညာရှင် များသည် ကားအတွင်းမှ ပြင်ပ ပတ်ဝန်းကျင် အခြေအနေကို ထိုးထွင်း မြင်နိုင်သော ဖောက်ထွင်းမြင် ကားသစ် တစ်မျိုးကို ထုတ်လုပ် ခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
အဆိုပါ ကား၏ ဒီဇိုင်းကို တိုကျိုမြို့တွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းကားသည် ကားရပ်နား ရာတွင် ယာဉ်မောင်း သူများကို အကူအညီ ပေးနိုင်မည့် အပြင် နောက်ကြည့်မှန်တွင် မမြင်နိုင်သည့် လမ်းပိတ် ငုတ်တိုင် ကဲ့သို့သော အရာ ဝတ္ထုများ၊ တိရစ္ဆာန်များ၊ ကလေးငယ် များကို ယာဉ်မောင်း ထိုင်ခုံပေါ်မှ ထကြည့် စရာ မလိုဘဲ မြင်နိုင်မည် ဖြစ်သည်။

၎င်းကား၏ ပစ္စည်းထည့်သော ကားနောက်ဖုံး အတွင်း၌ ကင်မရာ နှစ်လုံးကို တပ်ဆင်ထားပြီး ၎င်း ကင်မရာ သည် ကား၏ အနောက်ဘက်မှ မြင်ကွင်း အားလုံးကို ဖမ်းယူပေးပြီး ၎င်းပုံရိပ် များကို ယာဉ်မောင်း ထိုင်ခုံပေါ် အလင်း ပြန်စေခြင်းဖြင့် ပြင်ပ ပတ်ဝန်းကျင် အခြေအနေ အားလုံးကို ယာဉ်မောင်း ထိုင်ခုံပေါ်မှ မြင်တွေ့ စေရန် ထုတ်လုပ် ထားခြင်း ဖြစ်သည်ဟု သိရသည်။
ယာဉ်မောင်း အနေဖြင့် ၎င်းကားကို မောင်းနှင် ချိန်တွင် မှန်ကြည် ကားတစ်စီးကို မောင်းနှင်နေရ သကဲ့သို့ ခံစား နေရ လိမ့်မည်ဟု တိုကျိုကေအို တက္ကသိုလ်မှ မာဆာနီကို အင်နာမီက ပြောကြားခဲ့ သည်။       

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...