Sunday, April 23, 2017

အသဲထိတ်ဖွယ် မှန်သားဖြင့်တည်ဆောက်ထားသော ကောင်းကင်လျောက်လမ်း

သွားရောက်လည်ပတ်သူများအနေဖြင့် အသဲတထိတ်ထိတ်ဖြစ်စေမည့် ကောင်ကင်လျောက်လမ်း တစ်ခုကို တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင် ၊ ချုံကျင်းတွင် အဆိုပါ မှန်သားဖြင့် တည်ဆောက်ထားသော ကောင်းကင်လျောက်လမ်း တည်ရှိပါသည်။

တောင်ကမ်းပါးစွန်းမှ အပြင်သို့ A ပုံစံ ထိုးထွက်နေပြီး ကျောက်နံရံစွန်းမှ အပြင်သို့ ၈၆ မီတာ အထိ လေထဲသို့ ထိုးထွက်နေခြင်း ဖြစ်ပါသည်။ အမြင့်အားဖြင့်လည်း အောက်ခြေမှ မီတာ ၂၀၀ ကျော်အမြင့်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

အောက်ခြေသည် အထူးပြုလုပ်ထားသော မှန်အထူများကို တပ်ဆင်ထားပါသဖြင့် လမ်းလျောက်သူများ အနေဖြင့် တောင်အောက်သို့ တိုက်ရိုက်မြင်နေရမည် ဖြစ်ပါသည်။


တံတားပေါ်သို့ လူများစွာတက်ရောက်ခွင့်ကို မပေးဘဲ တစ်ခါတက်လျှင် အယောက် ၃၀ သာ ခွင့်ပြုထားပါသည်။

ထိုကဲ့သို့ ကောင်ကင်ရှုခင်းကြည့် လျောက်လမ်းမျိုး အခြားနိုင်ငံများတွင် ရှိသော်လည်း သည်တံတားသည် အရှည်ဆုံးအဖြစ် မှတ်တမ်းဝင်လာမည် ဖြစ်ပါသည်။

အသဲတအေးအေး ရင်ဖိုဖွယ်ဖြစ်သည့် အပြင်သို့ထိုးထွက်နေသည့် မှန်တံတားကြီးကို ဆက်ကြည့်လိုက်ရအောင်ဗျာ…




သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...