Saturday, December 29, 2018

ဂျာမနီမှ ကမ္ဘာအကြီးကျယ်ဆုံး ဘီယာပွဲတော်

ကမ္ဘာ့အကျော်ကြားဆုံး ပွဲတော်များနှင့် လူအများဆုံးလာရောက်တတ်သည့် ပွဲတော်အဖြစ် သတ်မှတ်ထားကြသည့် ပွဲတော်တစ်ခုမှ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ဘီယာပွဲတော်ပင် ဖြစ်ပါသည်။ ထိုပွဲတော်ကို တစ်ကမ္ဘာလုံးမှ ဘီယာ နှင့် ခရီးသွားပွဲတော်အဖြစ် သိရှိထားကြပြီး ပွဲတော်၏ အမည်မှာ Oktoberfest ဟုခေါ်ပါသည်။

ဘီယာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လလယ်လောက်မှ အောက်တိုဘာ လဆန်းလောက်အထိ ၁၆ ရက်မှ ၁၈ ရက်အထိ ရက်ရှည်ကျင်းပသည့် ပွဲတော်ကြီး ဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာအနှံ့မှ လူပေါင်း ၆ သန်းကျော်တက်ရောက်ပြီး ပျော်ရွှင်စွာဆင်နွဲလေ့ ရှိကြပါသည်။

ဘီယာပွဲတော်ဆိုပေမယ့် ဘီယာသောက်ယုံ သက်သက်မဟုတ်ပါဘူး။ ထိုပျော်တော်အတွင်း ပျော်ရွှင်စရာ အစီအစဉ်များ အမြောက်အများ ပါဝင်ပြီး စီတန်းလမ်းလျောက်သရုပ်ဖော်မှုများ ၊ ပျော်ပွဲရွှင်ပွဲများ ၊  ဂီတပွဲများ စသည်ဖြင့် ရက်ရှည်ကျင်းပကြပါသည်။ ဘီယာချစ်သူများအနေဖြင့် ထိုပွဲတော်တွင် ဘီယာအမျိုးအစားစုံလင်စွာ သောက်သုံးနိုင်မည် ဖြစ်သလို ရိုးရားဝတ်စုံများနှင့် လှပျိုဖြူများကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။


ဂျာမနီနိုင်ငံမှ ဘီယာပွဲတော်သည် ၁၈၁၀ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ဂျာမန် ဗာဘေးရီးယန်း ယဉ်ကျေးမှုရဲ့ အရေးပါတဲ့ ဓလေ့ တခုလည်း ဖြစ်ပါသည်။ ခေတ်နှင့်အညီ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြပုံ အနည်းငယ် ပြောင်းလဲလာသည်မှအပ ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးမှ ဘီယာချစ်သူများ ပျော်ရွှင်စွာ ဆင်နွဲကြသည့် ကမ္ဘာ့အကြီးကျယ်ဆုံး ပွဲတော်ကြီးအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။

ဘီယာပွဲတော်၌ ပါဝင်ဆင်နွှဲကြသူများတွင် ရိုးရာ ဝတ်စုံဝင်ဆင်ကြသူများ ပါဝင်သလို တစ်ချို့ကလည်း တူညီဝတ်စုံများနှင့် ပျော်ပျော်ပါးပါး ဆင်နွှဲကြပါသည်။ ၂၀၁၃ ခုနှစ် ပွဲတော်အပြီးတွင် ဘီယာ ၇.၇ မီလီယံ လီတာကျော်ကို သောက်သုံးခဲ့ကြပါသည်။ နောက်ပိုင်းတွင် အခြားနိုင်ငံများတွင်လည်း ဘီယာပွဲတော်များ ကျင်းပလာခဲ့ကြပါသည်။ ဒါကလည်း ဂျာမနီနိုင်ငံမှ ဘီယာပွဲတော်ကဲ့သို့ လိုက်ပါကျင်းပကြခြင်း ဖြစ်ပါသည်။ ဂျာမနီမှ ဘီယာနှင့် ခရီးသွားပွဲတော်သည် ကမ္ဘာ့အကျော်ကြားဆုံး နှင့် အကြီးဆုံးပွဲတော်ကြီးအဖြစ် ဆက်လက်တည်ရှိနေပါသည်။













သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...