Sunday, January 10, 2016

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၇၀၀ကျော်မှာ ဒေါက်မြင့်ဖိနပ်စီးပြီး ကြိုးတန်းလမ်းလျှောက် ပြခဲ့တဲ့ အမျိုးသမီး

unnamed 279
ဒေါက်မြင့်ဖိနပ်စီးလိုက်ရင်ကို တစ်ချို့ မိန်းကလေးတွေအတွက် မြေကြီးပေါ်လမ်းလျှောက်ရတာကိုက ပိုခက်ခဲ သွားတတ်ပါတယ်။ ဒါပေမယ့် Texas ပြည်နယ်၊ Austin က အသက် ၂၆ နှစ်အရွယ် Faith Dickey ဆိုသူ အမျိုးသမီးဟာ ဘရာဇီးနိုင်ငံက Highgirls ပွဲတော်မှာ သေမင်းကိုစိန်ခေါ်တဲ့စတန့် ပြကွက်တစ်ခုအနေနဲ့  ပန်းရောင်ဒေါက်ဖိနပ်ဝတ်ဆင်ကာ ကြိုးတန်းလမ်းလျှောက်ပြလိုက်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၇၅၀ ကျော်အမြင့်မှာ ဒေါက်ဖိနပ်စီးကာ မတော်တဆပြုတ်ကျခဲ့ရင် အသက်ကယ်နိုင်ဖို့ အတွက် အသက်ကယ်ကြိုးတစ်ခုကိုပဲ သုံးပြီး ကောင်းကင်ကြိုးတန်းကို အောင်မြင်စွာလမ်းလျှောက်ဖြတ်ကူးပြခဲ့ပါတယ်။
Faith ဖြတ်လျှောက်ပြခဲ့တဲ့ ဘရာဇီးနိုင်ငံ၊ရီယိုဒီဂျနေရိုးမြို့ က Pedra da Gavea ကောင်းကင်ကြိုးတန်းဟာ နိုင်ငံရဲ့နာမည်အကြီးဆုံး ကောင်းကင်ကြိုးတန်း တစ်ခုဖြစ်ပါတယ်။ “ ပထမဆုံး ကြိုးရဲ့ တင်းအားကို စမ်းဖို့  ကျွန်မလျှောက်နေကျအတိုင်း ခြေဗလာနဲ့ ပဲ ကြိုတင်လျှောက်ကြည့်ခဲ့ပါတယ်။ လွယ်လွယ်ကူကူပါပဲ။ နောက်တော့ ဒီထက်ပိုခက်သွားအောင် ဒေါက်မြင့်ဖိနပ် စီးပြီး လျှောက်ပြခဲ့တာဖြစ်ပါတယ်။ ဒါ ရီယို မှာ ကျွန်မ ပထမဆုံးအကြိမ်လျှောက်ဖူးတာပါ။ ရှုခင်းကတော့ ရင်သပ်ရှုမောစရာပါပဲ” လို့ Faith က ပြောပြပါတယ်။
ကြိုးတန်းက တော်တော်ရှည်ပြီး ဒေါက်မြင့်ဖိနပ်ကလည်း သေးနေတော့ ဒီတစ်ခါလျှောက်ရတာ အရင်ကထက် ပိုခက်ပါတယ်” လို့ သူမက ရှင်းပြပါတယ်။
Ref: Mirror
ref;: Trend.com.mm

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...