Sunday, January 10, 2016

၁၉ လသားအရွယ်မှာတင် စကားလုံးပေါင်း ၃၀၀ ကျော်ကို တတ်ထားပြီး စာဖတ်တတ်တဲ့ ပါရမီရှင်ကလေးငယ်

index 24
ကလေးငယ်အများစုဟာ အသက် ငါးနှစ်ပတ်ဝန်းကျင်လောက်၊ ကျောင်းစတက်တဲ့အချိန်မှ စာ စဖတ်တတ်ကြပေမယ့် ဒီ ၁၉ လသားအရွယ် ကလေးငယ်လေးကတော့ အခုအခါ စကားလုံးပေါင်း ၃၀၀ ကျော်ကို ဖတ်တတ်ပြီး ၁ ကနေ ၅၀ အထိလည်း ရေတွက်နိုင်ပါတယ်။
အမေဖြစ်သူ LaToya Whiteside ဟာ မြောက်ကယ်ရိုးလိုင်းနားပြည်နယ်၊ ချားလော့မြို့ က အိမ်မှာ သားငယ်လေး Carter တစ်ယောက် စာရွက်ကတ်တွေပေါ်က စကားလုံးတွေကို ဖတ်နေပုံကို ဗီဒီယိုရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။အဆိုပါဗီဒီယိုအပိုင်းမှာ ကလေးလေးဟာ ‘are’ ဆိုတဲ့ စကားလုံးကို ဖတ်ပြနေပြီး  မှန်ရဲ့လားဆိုတာကို သူ့ အမေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်ထပ် ဆက်ဖတ်ပြနေတာကို တွေ့ ရမှာပါ။ ထို့ နောက်မှာတော့ Carter လေးဟာ ‘was’ ‘to’ ‘like’ စတဲ့ စကားလုံးတွေကို ပီပီသသဖတ်ပြနေတာကို တွေ့ ရပြီး နောက် ကတ်တစ်ကတ်ကို ပြောင်းလိုက်ချိန်မှာတော့ ကတ်က ဇောက်ထိုးဖြစ်နေတာကိုပါ သတိထားမိတာကို တွေ့ မြင်ရပါတယ်။

Carter ဟာ အဆိုပါကတ်ကို အတည့်ပြန်လှည့်ပြီး ကတ်မှာရေးထားတဲ့ ‘made’ ဆိုတဲ့ စကားလုံးနဲ့  ‘her’ တို့ ကို ဖတ်ပြပြီး ‘over’ ဆိုတဲ့ အသံနှစ်သံပါတဲ့ စကားလုံးကလွဲပြီး ကျန်စကားလုံးတွေ အားလုံးကို အထစ်အငေါ့ မရှိ ရွတ်ပြသွားခဲ့ပါတယ်။
“ သားလေးက ခုနှစ်လသားအရွယ်ကတည်းက စကားလုံးတွေကို မှတ်မိပြီး သီချင်းလည်း စဆိုတတ်ပါတယ်။ ၁၂ လသားကျတော့ ကျွန်မတစ်ခါမှ သူ့ ကိုမပြဘူးတဲ့စကားလုံးတွေကို အသံထွက်ရွတ်တတ်နေပါတယ်” လို့  LaToya က ပြောပြပါတယ်။
ကလေးပြုစုစောင့်ရှောက်ရေးအကြံပေးစကားတွေအရ ကလေးငယ်တွေဟာ ပျှမ်းမျှအားဖြင့် အသက် ၁၈ လ ရောက်မှ စကားလုံးခြောက်လုံးလောက်သာ ပြောနိုင်တယ်လို့ ဆိုပါတယ်။ စာဖတ်တတ်ခြင်းကတော့ ပိုလို့ တောင် ဝေးပြီး ကလေးငယ်အများစုဟာ ထူးခြားတဲ့စကားလုံးတွေကို သုံးနှစ်အရွယ်လောက်မှ စ သင်ယူနိုင်တတ်ကြကာ၊ ငါးနှစ်လောက်ကျော်မှ ၀ါကျတစ်ခုလုံးကို ဖတ်တတ်ကြတာဖြစ်ပါတယ်။ ဒီ့အပြင် နံပတ်တွေကို မှန်ကန်စွာရေတွက်တတ်တာကတော့ ကလေးငယ်တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလို့  သိရပါတယ်။
Ref: Dailymail 
ref:: Trend.com.mm

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...