Monday, June 27, 2016

ကမ္ဘာ့အသေးငယ်ဆုံး မျောက်များ

http://i.imgsafe.org/15951262b0.jpg
Pygmy marmoset ဟူသည့် လက်ချောင်းကြားတွင်ပင် အလွယ်တကူ နေထိုင်နိုင်သည့်
မျောက်ကလေးများသည် ကမ္ဘာ့အသေးငယ်ဆုံးမျောက်များဖြစ်သလို လူ၊လူဝံ နှင့် မျောက်စသော
အဆင့်မြင့်နို့တိုက်သတ္တ၀ါ (ပရိုင်းမိတ်) များတွင်လည်း အသေးငယ်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။
သူတို့သည် ၅ လက်မ(13 cm) လောက်သာ ရှိကြပါသည်။အမြီးကို ထည့်သွင်း မတိုင်းတာ ထားပါ။
(အမြီးသည် ကိုယ်ခန္ဓာထက် ပိုပြီးရှည်တတ်ကြပါသည်)
http://i.imgsafe.org/1595082711.jpg
သူတို့မှာ ခြေသည်းလက်သည်းရှည်တွေပါသည် ။ လက်ကောက်ဝတ်မှာ တွေ့ထိမှုဆိုင်ရာ
အမွှေးရှည်တွေပါရှိပြီး အံဆုံးသွား မပါရှိပါ ။ ထိုသို့ ဖြစ်နေခြင်းက သူတို့ကို အခြားမျောက်အမျိုးနွယ်
တွေထက်ပိုပြီး ရှေးကျစေပါတယ် ။

http://i.imgsafe.org/15952c19a0.jpg
သူတို့သည် ၂ ကောင်မှ အများဆုံး ၉ကောင်လောက် အထိ စုပေါင်းနေထိုင်တတ်ကြပါသည်။
အများဆုံး တွေ့ရသည့် အပြည့်စုံဆုံး စုဖွဲ့မှုပုံစံမှာ ၆ ကောင် စုပေါင်းနေထိုင်ကြပါသည်။
အင်အားကြီး ၊ သြဇာကြီးသော အထီးတစ်ကောင်ခေါင်းဆောင်နေထိုင်တတ်ပါသည်။
http://i.imgsafe.org/159524c163.jpg
အင်းဆက်ပိုးမွှား နှင့် သစ်သီးတွေ အရွက်တွေကိုသာစားလေ့ရှိတဲ့ အရွက်စား သတ္တ၀ါ Omnivorous
တွေဖြစ်ပါသည် ။ သူတိုဟာ သစ်ပင် မှ သစ်စည်းတွေကို တဖြည်းဖြည်းချင်း
ကိုက်စားပါသည် ။သူတို့၏ ချွန်မြ နေသည့် ရှေ့သွားတွေဖြင့် မာကျောတဲ့သစ်ပင် ပင်စည်တွေကိုတောင်
ကိုက်ဝါးနိုင်ပါသည်။
http://i.imgsafe.org/1594fbd4ad.jpg
သစ်တောအုပ်တွေ၏ ထိပ်ဖျားမှာနေလေ့ရှိပြီး သူတို့ထက် ပိုကြီးတဲ့ အသားစားသတ္တ၀ါတွေရဲ့ရန်ကနေ
ကိုယ်ပိုင် အသိဥာဏ်နဲ့ ကာကွယ်လေ့ရှိပါသည် ။ သေးငယ်သလောက် အလွန် လျှင်မြန်ပြီး
အပင်တစ်ပင်ကနေတစ်ပင်ကို ပေါ့ပါးစွာ ကူးသွားလေ့ရှိပါတယ် ။
သူတို့သည် ၁၆ပေ (5 m) လောက်အထိ ရောက်အောင်ခုန်နိုင်ပါသည်။
ဒါဟာ သေးငယ်သော သူတို့လိုမျောက်များအတွက်ကတော့ အလွန်ကောင်းသော
ခုန်ပေါက် ပြေးလွှားနိုင်မှုပါ။
http://i.imgsafe.org/1594e97eee.png
သူတို့သည် တောင်အမေရိကတိုက် အမေဇုန်မြစ်ဝှမ်း မှ အနောက်ဘက် မိုးရာသီ သစ်တောကြီးထဲတွင်
နေထိုင်ကြပါသည်။ တွေ့ရှိနိုင်သည့်နိုင်ငံများမှာ Colombia, Ecuador, Bolivia, Peru နှင့် Brazil  တို့ဖြစ်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..............နေခရမ်း


No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...