

ရုရှားနိုင်ငံ မော်စကိုမြို့  မှ Valeria Levitina ဆိုသည့် အမျိုးသမီးလေးသည်
(ယခု မိုနာကို နိုင်ငံမှာ နေထိုင်ပါသည်) ဆယ်ကျော်သက် အရွယ်တွင် အသားပြည့်ပြည့် နှင့် ချစ်စဖွယ်ကောင်းသော်လည်း ပိုပြီး စတိုင်ကျ လှပစေရန်နှင့်
ရှိုးလျောက်မော်ဒယ်တစ်ဦး ၏ ဘ၀ကို ထိန်းသိမ်းရန် အစားလျော့စားခြင်း ၊
ပိန်ဆေးစားခြင်း နှင့် အခြားသော ၀ိတ်လျော့စေသည့်နည်းများကို အစဉ်ပြုလုပ်ခဲ့ပါသည်။
ထိုသို့ လုပ်ဆောင်နေရင်းဖြင့် Anorexia လို့ခေါ်သည့် ရောဂါတစ်မျိုး ရသွားခဲ့ပါသည်။

ထိုရောဂါသည် အစာစားချင်းစိတ် နည်းပါးသွားတတ်ပြီး ၊ စားချင်စိတ်ဖြစ်လို့စားလျှင်လည်း
ကိုယ်ခန္ဓာကို ထောက်ပံ့သည့် အဟာရ ဓာတ်များ မဖြစ်ပေါ်တော့သလောက် နည်းပါးသွား
တတ်ပါသည်။ပြောရပါလျှင် မသေရုံ အဟာရဓာတ်လောက်သာ ဖြစ်ပေါ်ပြီး ကိုယ်ခန္ဓာမှာလည်း
သိသိသာသာ ပိန်ချုံးသွားပါသည်။ နောက်ဆုံးတော့ ပုံတွင် မြင်တွေ့သည့်အတိုင်း
အရိုးပေါ်အရေတင် ခန္ဓာကိုယ် ဖြစ်သွားပါတော့သည်။
ကမ္ဘာ့အပိန်ဆုံးစာရင်းဝင် အမျိုးသမီး အတော်များများသည် Valeria Levitina ကဲ့သို့ပင်
ပိန်ချင်သဖြင့် အစားလျော့စားခြင်း ၊ ပိန်ဆေး အလွန်အသုံးများခြင်းတို့ကြောင့်
Anorexia လို့ခေါ်သည့် ရောဂါဖြစ်ကာ တကယ်ကို ပုံပျက်စွာ ပိန်သွားခဲ့သူများ
ဖြစ်လေ့ရှိကြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..............နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။