Tuesday, December 27, 2016

Avatar တောင်များထိပ်က ကြောက်မက်ဖွယ် ကိုယ်ပျောက်မှန်တံတား

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က နာမည်ကျော် Avatar မေတောင်တွေထိပ် မှာ နောက်ထပ် ကြောက်မက်ဖွယ်ကောင်း လှတဲ့ ကိုယ်ပျောက်မှန်တံတားကြီးကို ထပ်ဆောက်သွားတော့မှာဖြစ်ပါတယ်။

ဟူနန်ပြည်နယ်မှာပဲ ကမ္ဘာ့အရှည်လျား ဆုံးနဲ့ အမြင့်ဆုံးမှန်တံတားကြီးကို တည် ဆောက်ခဲ့ပြီးတဲ့နောက် နောက်ထပ် ခြေ လှမ်းသစ်အနေနဲ့ ထပ်ဆောက်သွားမယ့်တောင်တွေကြားထဲမှာ ပျောက်ကွယ် နေတဲ့ဟန် ကိုယ်ပျောက်မှန်တံတား ဒီဇိုင်းသစ်ကို အာခီတက်တွေက ထုတ် ဖော်ပြသလိုက်တာဖြစ်ပါတယ်။

ဒီတံတား ကြီးကို မှန်အကြည်တွေ၊ ကြေးမုံမှန်တွေ၊ စတီးတွေနဲ့ ပေါင်းစပ်တည်ဆောက်ဖို့ ဒီ ဇိုင်းထွင်ထားတာဖြစ်ပြီး ကြေးမုံတွေရဲ့ အလင်းပြန်မှုနဲ့ ဘေးပတ်လည်က တောင် တန်းတွေရဲ့အရိပ်တွေလာဟပ်နေစေပြီး Avatar တောင်တွေလို့ လူသိများတဲ့ ကျန်ကျာကျဲတောင်တွေကြားမှာ ပျောက် ကွယ်နေတဲ့ပုံမျိုး ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။
တောင်နှစ်လုံးကို ဆက်သွယ်ထားတဲ့ ဒီကိုယ်ပျောက်တံတားကြီးရဲ့ ဒီဇိုင်းအ တွက် ဒီဇိုင်းပြိုင်ပွဲကျင်းပခဲ့ပြီး အနိုင် ရရှိခဲ့တဲ့ Martin Duplantier Architects အဖွဲ့နဲ့ Daqin Landscape Architects အဖွဲ့က ပူးပေါင်းဒီဇိုင်းရေး ထားခဲ့တာဖြစ်ပါတယ်။

တံတားကိုနှစ်လွှာ ဖန်တီးမှာဖြစ်ပြီး အပေါ်လွှာရဲ့အောက်ကို ဘဲဥခြမ်းပုံကို ကြေးမုံနဲ့ရောင်ပြန်ဟပ်မယ့် ဒီဇိုင်းမျိုးပြုလုပ်ထားပြီး အခင်းကို အနက် ရောင်ကျောက်ချပ်တွေ ခင်းထားတာမို့ အောက်ဘက်ကို အပိတ်ဖြစ်ပြီး ဘေးဖက် တွေကနေပဲ တောင်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအလွှာရဲ့ လျှောက်လမ်း ဘေးဘက်တွေမှာ နှစ်စင်တီမီတာထုနဲ့ ရေလွှာလေးတွေ ဖန်တီးထားမှာဖြစ်ပြီး တိမ်ငွေ့အတုဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
ကျောချမ်းစရာကောင်းတာ ကတော့ တံတားရဲ့အောက်ထပ်အလွှာပဲ ဖြစ်ပါတယ်။

အောက်ထပ်တံတားအလွှာ တစ်ခုလုံးကို ရာနှုန်းပြည့် မှန်အကြည် တံတားအဖြစ် ဖန်တီးမှာဖြစ်ပြီး ဖြတ်သန်း သွားလာသူက တံတားပတ်လည်ကမြင် ကွင်းတွေအားလုံးကို မြင်တွေ့နေရပြီး လေထဲလျှောက်နေရသလို ခံစားရမှာဖြစ် တာကြောင့် အသည်းငယ်တဲ့သူတွေအ တွက်တော့ အပေါ်ထပ်ကပဲ သွားရမှာ ဖြစ်ပါတယ်။

ဒီတံတားကြီးဆောက်လုပ်ဖို့ အတွက် လျာထားကုန်ကျစရိတ်က ပေါင် လေးသန်း (ဒေါ်လာ၅သန်းဝန်းကျင်)လောက် မှန်းထားတယ်လို့ သိရပါတယ်။

Ref ; DM

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...