Thursday, December 20, 2018

ကြက်တူရွေးလေးကြောင့် အလုပ်ရှုပ်သွားသည့် အင်္ဂလန်က မီးသတ်သမားများ


ကြက်တူရွေးတကောင်က မီးအချက်ပေးသံအတိုင်း လိုက်လံတုပအော်ဟစ်မှုကြောင့် ဗြိတိန်က မီးသတ်သမားတွေ အလုပ်ရှုပ်ခဲ့ရတယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံ ဒါဗင်ထရီ၊ ဝင်းစောကလို့ ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
နော့သမ်ရှိုင်းယားရဲ့ မီးသတ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက တာဝန်ရှိသူတဦးဟာ အိမ်တအိမ်ရဲ့ မီးဘေးအချက်ပြစနစ်ကနေ အချက်ပေးသံကို လက်ခံရရှိခဲ့တာကြောင့် အိမ်ပိုင်ရှင်ဖြစ်သူကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားခဲ့ရပါတယ်။
ဒါပေမယ့် အိမ်ပိုင်ရှင်ဖြစ်သူ သူတို့အိမ်မှာ မီးလောင်မှုမရှိကြောင်း ပြန် လည်ဖြေကြားခဲ့တာကြောင့် အော်ပရေတာဖြစ်သူဟာ ဇဝေဇရာဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် အိမ်ပိုင်ရှင်နဲ့ ဖုန်းပြောနေစဉ်အချိန်အတွင်းမှာတင် မီးဘေးအချက်ပြသံကို ထပ်မံကြားခဲ့ရပြန်ပါတယ်။
ဒါ့ကြောင့် အဲဒီနေရာကို မီးသတ်သမားတွေကို အမြန်ဆုံးစေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အခင်းဖြစ်ရာနေရာကို မီးသတ်သမားတွေ ရောက်ရှိသွားချိန်မှာတော့ ငိုအားထက် ရယ်အား သန်စေခဲ့ပါတယ်။
အကြောင်းကတော့ တယ်လီဖုန်းအော်ပရေတာ ကြားခဲ့ရတဲ့ အချက်ပေးသံဟာ မီးဘေးအချက်ပေး ကိရိယာကနေ အမှန်တကယ် ထွက်ပေါ်လာတဲ့ အသံမဟုတ်ဘဲ ကြက်တူရွေးတကောင်က အဲဒီအသံအတိုင်း လိုက်လံတုပ အော်ဟစ်နေလို့ပဲဖြစ်ပါတယ်။
“ဒီအသံက ကြက်တူရွေးလေး ဂျက်ရဲ့ အော်သံဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့ပြီးတဲ့ နောက်မှာ မီးသတ်ဝန်ထမ်းတွေအားလုံး ပြုံးရယ်ကုန်ကြပါတယ်” လို့လည်း မီးသတ်အရာရှိက ပြောပါတယ်။
ကြက်တူရွေးလေး ဂျက်ဟာ မကြာသေးခင်ကမှ အဲဒီအိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့မှာ တခြား ကြက်တူရွေးတွေနဲ့မတူတဲ့ အသံတုပနိုင်မှုစွမ်းရည်တွေ ရှိနေတယ်လို့လည်း အိမ်ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။
Credit:DVB

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...