Thursday, December 20, 2018

အိမ်တံခါးရွက် ခုဖို့ အသုံးပြုတဲ့ ကျောက်တုံးက ဒေါ်လာ ၁၀၀၀၀၀ တန် ဥက္ကာခဲဖြစ်နေ


မစ်ချီဂန်ပြည်နယ်က အမျိုးသားတစ်ယောက် အိမ်တံခါးရွက်ခုဖို့ အသုံးပြုတဲ့ ကျောက်တုံးက အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ တန်တဲ့ ဥက္ကာခဲဖြစ်နေတယ်လို့ UPI သတင်းဌာနက ဖော်ပြထားပါတယ်။
အမည်မဖော်လိုတဲ့ အဲဒီအမျိုးသားဟာ ၁၉၈၈ ခုနှစ်မှာ အခုနေတဲ့အိမ်ကို ဝယ်လိုက်ကတည်းက အဲဒီကျောက်တုံးကို အိမ်တံခါးရွက်ခုဖို့ သုံးခဲ့တာပါ။
အဲဒီကတည်းက အရင်ပိုင်ရှင်ဟောင်း ပြောပြခဲ့လို့ အဲဒီအရာက ဥက္ကာခဲမှန်း သိပေမယ့် ဒီလောက်တန်ဖိုးရှိမှန်းတော့ သူတို့ ၂ ယောက်လုံး မသိခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ်အတွင်း ကမ္ဘာပေါ်ကို ဥက္ကာခဲတွေ ကျခဲ့ချိန်က အဲဒီအိမ်နောက်ဖေးဘက်ကို ဒီဥက္ကာခဲ ကျခဲ့တာပါ။ အခုနှစ်အစောပိုင်းမှာ ဥက္ကာခဲ အတုံးသေးသေးလေးတွေ ရောင်းရုံနဲ့ ငွေများများစားစားရမှန်း သူ သိသွားခဲ့ပါတယ်။
အဲဒါကြောင့် သူ့အိမ်က ဥက္ကာခဲကို မစ်ချီဂန်ဗဟိုတက္ကသိုလ်က ကမ္ဘာမြေနဲ့ လေထုဆိုင်ရာ သိပ္ပံဌာနက ပညာရှင်ထံ သွားပြခဲ့ပါတယ်။ အဲဒီဥက္ကာခဲဟာ မစ်ချီဂန်ပြည်နယ်မှာ တွေ့ရတဲ့ ဥက္ကာခဲတွေအနက် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်ပြီး သူ့ဘဝမှာ မြင်တွေ့ရတဲ့ ဥက္ကာခဲတွေထဲမှာ ငွေကြေးအရရော၊ သိပ္ပံပညာအရပါ တန်ဖိုးအကြီးဆုံးပဲလို့ အဲဒီပညာရှင်က မှတ်ချက်ပေးခဲ့ပါတယ်။ အခုချိန်မှာ ဥက္ကာခဲကို မရောင်းရသေးပေမဲ့ Smithsonian Museum(စမစ်ဆိုနီယမ်ပြတိုက်)နဲ့ ပုဂ္ဂလိက ပစ္စည်းစုဆောင်းသူတစ်ယောက်က ဝယ်ယူဖို့ ရှိနေပါတယ်။
Credit:Yoyarlay Facebook Page

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...