Thursday, December 20, 2018

မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအကြောင်း


ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သချာင်္နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကမ္ဘာကြီးဟာ ဘီစီ ၃၁၁၄ ခန့်ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ မာယာလူမျိုးတွေက ယုံကြည်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်ကလည်း အဲဒီအချိန်မှာပဲ စတင်ခဲ့ပါတယ်။

(၂) လူအများစုဟာ မာယာလူမျိုးတွေ ပျောက်ကွယ်သွားကြပြီလို့ ထင်မှတ်နေကြပေမယ့် အမေရိကတိုက်အတွင်းမှာ အခုထက်တိုင် သားစဉ်မြေးဆက်အလိုက် နေထိုင်နေကြဆဲ ဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။

(၃) ခန္ဓာကိုယ်မှာ တက်တူးထိုး အလှဆင်တာဟာ မာယာလူမျိုးတွေ လက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စိတ်ခံစားမှုအလိုက် ပုံဖော်ဆင်မြန်းခဲ့ကြတာ ဖြစ်ပါတယ်။
(၄) မာယာလူမျိုးတွေဟာ ဗိသုကာလက်ရာအဆင့်အတန်းမှာ အံ့အားသင့်စရာ ကောင်းလောက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အီဂျစ်မှာရှိတဲ့ ပိရမစ်နဲ့ ဘုရားကျောင်းပုံစံတွေဟာ မာယာလူမျိုးတွေက စတင်ခဲ့တာဖြစ်ပါတယ်။

(၅) ငါးမန်း (shark) ဆိုတဲ့ စကားလုံးအသုံးအနှုန်းဟာ မာယာလူမျိုးတွေရဲ့ ကိုယ်ပိုင်စကားလုံးတခု ဖြစ်တယ်လို့ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။

(၆) ယနေ့ခေတ် ဂွာတီမာလာနိုင်ငံက ကျွန်းမြို့လေးတမြို့ဖြစ်တဲ့ Tayasal ဟာ မာယာလူမျိုးတွေရဲ့ နောက်ဆုံး အင်ပါယာအဖြစ် တည်ရှိခဲ့ပြီး ၁၆၉၆ ခုနှစ် မတိုင်ခင်အထိ တည်တံ့ခဲ့ပါတယ်။

(၇) မာယာလူမျိုးတွေဟာ ထူးချွန်တဲ့ နက္ခတ်ဗေဒပညာရှင်တွေဖြစ်ပြီး ကြယ်၊ လနဲ့ နေတို့ကို ကောင်းကင်မှာ ရွေ့နေတဲ့ နတ်ဘုရားတွေလို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာ ဆိုရင်လည်း ကြယ်၊ လနဲ့ နေတို့ရဲ့ တည်နေရာအရွှေ့အပြောင်းတွေပေါ် မူတည်ပြီး အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းမှတ်သားထားလေ့ ရှိပါတယ်။
Ref : ohfact.com
Credit:Irrawaddy Facebook Page

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...